ပင်လုံမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် နှာခေါင်းစည်းများအခမဲ့ဖြန့်ဝေ

ရှမ်းပြည်နယ် တောင်ပိုင်း၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး နှင့် ထိန်းချုပ်ရေးအတွက် ပင်လုံမြို့စေတနာ့ဝန်ထမ်းများအဖွဲ့က မြို့မဈေး နှင့် ကျူရုံး ကျေးရွာရှိပြည်သူများ အတွက် နှာခေါင်းစည်း(Mask) (၃၆၀၀)ခုအား အခမဲ့ဖြန့်ဝေခြင်းကို ယနေ့ နံနက် ပိုင်းက ဖြန့်ဝေ ဆောင်ရွက် ခဲ့ကြောင်းသိရသည်။

မိုင်းရှူးမြို့၌ ရွေးကောက်ပွဲဆိုင်ရာ ပညာပေးသင်တန်းပို့ချ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းရှူးမြို့၌ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များနှင့် ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး များအား ရွေးကောက်ပွဲဆိုင်ရာ ပညာပေးသင်တန်းပို့ချခြင်းကို ယနေ့နံနက်၉နာရီအချိန် ခန့်က မိုင်းရှူးမြို့ အခြေခံပညာအထက်တန်းကျောင်း၊ ခေရဆောင်ခန်းမ၌ပြုလုပ်ခဲ့ကြောင်း သိရသည်။

မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းသင်တန်း ဖွင့်လှစ်နိုင်ရေး လုပ်ငန်း ညှိနှိုင်း အစည်းအဝေး ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းသင်တန်း ဖွင့်လှစ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီအချိန်က မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

မြဝတီမြို ့မဲကနယ်အသွားအလာကန့်သတ်စောင့်ကြပ်ကြည့်ရှုရေးစခန်းတွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ကုသရေးပစ္စည်းများ လာရောက်လှူဒါန်း

မြန်မာ-ထိုင်းချစ်ကြည်ရေးတံတား အမှတ်-၂မှတစ်ဆင့် မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာကြသည့် မြန်မာရွေ့ပြောင်းအလုပ်သမားများကို မြဝတီမြို့ရှိ အသွားအလာကန့်သတ် စောင့်ကြပ်ကြည့်ရှု ရေး စခန်းအသီးသီးတွင်ထားရှိလျက်ရှိကြောင်းသိရသည်။

သာယာဝတီမြို့တွင် လောကအလင်းရောင်ပရဟိတလူငယ်များအသင်းသို့ နှာခေါင်းစည်းများ လှူဒါန်း

ကိုဗစ်-၁၉ ကာလ အတွင်း  သာယာဝတီမြို့နယ်အတွင်းရှိ  လောကအလင်းရောင် ပရဟိတ လူငယ်များ အသင်း (အင်းရွာ)သို့  ရောဂါကာကွယ်ရေး အတွက်   နှာခေါင်းစည်းများကို   ယမန်နေ့  နံနက်ပိုင်းက  ပေးအပ်လှူဒါန်းခဲ့သည်။

ခိုလမ်မြို့၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးခြင်း နှင့် နှာခေါင်း စည်း( Mask ) တပ်ဆင်ခြင်း ရှိ / မရှိ တတိယအကြိမ် စစ်ဆေး ဆောင်ရွက်

ရှမ်းပြည်နယ်တောင်ပိုင်း ၊ လွိုင်လင်ခရိုင် ၊ခိုလမ်မြို့တွင် ​ကိုရိုနာဗိုင်းရပ်(စ်)(COVID-19) ရောဂါ ကာကွယ် ထိန်းချုပ် နိုင်ရေး နှင့် ကုသရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ မြို့အဆင့် Coronavius Disease 2019(COVID-19)ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌနှင့် ကော်မတီ ဝင်များ က ယနေ့ နံနက် ( ၇ ) နာရီ အချိန် မှစ၍ ပြည်သူများ မိမိနေအိမ်မှပြင်ပသို့ထွက်ခွာသွားလာရာတွင် နှာခေါင်းစည်း ( Mask ) တပ်ဆင်ခြင်းရှိ / မရှိ တတိယအကြိမ် စစ်ဆေးခြင်းနှင့်အသိပညာပေးခြင်း ကို မီးသတ်ဦးစီးဌာန ရုံးရှေ့ လမ်းဆုံ ၊ မြို့မစျးလမ်းဆုံနှင့် ကျိုင်းတောင်းလမ်းဆုံတို့တွင် စစ်ဆေး ဆောင်ရွက် ခဲ့ပါသည်။

တွံတေးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးနှင့် ညမထွက်ရအမိန့် အသံချဲ့စက်ဖြင့် စဉ်ဆက်မပြတ် နှိုးဆော်

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ရေးနှင့် ပတ်သက်၍ ရောဂါကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ရန်အတွက် ညမထွက်ရ  အမိန့် နှိုးဆော်ခြင်းကို မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအားလုံးတွင် ယမန်နေ့ညက လိုက်လံနှိုးဆော်ခဲ့ကြောင်းသိရသည်။

ညောင်ဦးမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေး မြို့ ဝင်/ထွက် ဂိတ်များတွင် အထူး ကြပ်မတ်စစ်ဆေးဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့၌ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ၏ စီစဉ်ကြီးကြပ်မှုဖြင့် ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားမှု မရှိစေရေး မြို့ ဝင်/ထွက် ဂိတ်များတွင် စစ်ဆေးရေးအဖွဲ့များမှ မြို့နယ်အတွင်း ဝင်၊ ထွက် သွားလာနေသည့် ခရီးသွား ပြည်သူများအား အထူးကြပ်မတ် ကျန်းမာရေး စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သရက်မြို့၌ ကလေးအလုပ်သမားပပျောက်ရေး ဝိုင်းဝန်းကာကွယ်စောင့်ရှောက်ပေး အသိပညာပေး ပိုစတာ စိုက်ထူ

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ကလေး အလုပ်သမားပပျောက်ရေး ဝိုင်းဝန်းကာကွယ် စောင့်ရှောက်ပေး အသိ ပညာ ပေး ပိုစတာ စိုက်ထူခြင်းကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် စည်ပင်သာယာရေး အဖွဲ့တို့ ပူးပေါင်း၍ သရက်မြို့မဈေးထိပ်တွင် ယနေ့ နံနက် (၁၀)နာရီခန့်က စိုက်ထူခဲ့သည်။
Subscribe to