ရွာငံ စက်တင်ဘာ ၁၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ် ရေဦးဈေးတွင် ကိုဗစ်- ၁၉ ရောဂါကူးစက်မှုမှ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန် အတွက် နှာခေါင်းစည်းများ တပ်ဆင် သုံးပြုရေး၊ သတ်မှတ် ထားသော စည်းကမ်းချက်များ လိုက်နာဆောင်ရွက်ရေးနှင့် အသိပညာပေးခြင်း လုပ်ငန်းများကို ယနေ့ နံနက် ၇ နာရီက အဆိုပါဈေး၌ ဆောင်ရွက်ခဲ့သည်။
အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရွာငံမြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကျော်စိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ အမှုဆောင်အရာရှိ ဦးဝဏ္ဏကျော် နှင့် ဝန်ထမ်းများက ဈေးသို့လာရောက်သော ဈေးရောင်း/ဈေးဝယ်များအား သတ်မှတ်ထားသည့် နေရာများတွင် စည်းကမ်းတကျ ရောင်းဝယ်ကြရန်၊ နှာခေါင်းစည်းများကို စနစ်တကျ တပ်ဆင် အသုံးပြု ရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေး အသိပညာပေးခြင်းများကို ဈေးအတွင်းသို့ လက်ကိုင်အသံချဲ့စက်ဖြင့် လှည့်လည်နှိုးဆော်ပြီး လက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေ ပေးခဲ့ ကြောင်း သိရသည်။
ရွာငံမြို့နယ်(ပြန်/ဆက်)