ကျွန်းစုမြို့တွင် သတ်မှတ်စည်းကမ်းချက်များနှင့်အညီ စားသောက်ဆိုင်များ စနစ်တကျ ရောင်းချနေမှု ရှိ/မရှိ ရှောင်တခင်စစ်ဆေး
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့တွင် ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်တားဆီးရေးနှင့် တုံ့ပြန်ရေး လုပ်ငန်းများ ဆောင်ရွက်နေစဉ် ကာလအတွင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်ချက်များနှင့်အညီ စားသောက်ဆိုင်များ စနစ်တကျ ရောင်းချနေမှု ရှိ/မရှိ ကို ယနေ့နံနက်ပိုင်းက ရှောင်တခင်စစ်ဆေးခဲ့ကြောင်း သိရသည်။