အင်တော စက်တင်ဘာ ၁၄
ရှမ်းပြည်နယ်တောင်ပိုင်း၊ အင်တောမြို့တွင် မြန်မာနိုင်ငံတပ်ဖွဲ့နှင့် ကျန်းမာရေးဌာနတို့ ပူးပေါင်း၍ ယာဉ်စည်း ကမ်းလမ်းစည်းကမ်း အသိပညာပေးခြင်းနှင့် နှာခေါင်းစည်းအခမဲ့ဖြန့်ဝေမှုကို ယနေ့ နံနက် ၈ နာရီက မြို့မ စျေးရှေ့၌ ပြုလုပ်ခဲ့သည်။
ထိုသို့အသိပညာလုပ်ငန်းဆောင်ရွက်ရာတွင် အင်တောမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးစိုင်းကွမ်းခေး၊ အင်တော နယ်မြေ ရဲစခန်းမှ စခန်းမှူး ရဲအုပ်ရာဇာလင်း နှင့်တပ်ဖွဲ့ဝင်များ၊ ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ မီးသတ် တပ်ဖွဲ့ ဝင်များ၊ ကျန်းမာရေးဌာနမှဝန်ထမ်းများနှင့် လူမှုရေး အသင်း အဖွဲ့များက မြို့ပေါ်ရပ်ကွက်နေပြည်သူများ ယာဉ်စည်းကမ်း လမ်းစည်းကမ်းလိုက်နာရန်၊ အသစ်ပြဌာန်းထားသော မော်တော်ယာဉ် စီမံခန့် ခွဲမှု ဥပဒေ ပြစ်မှု ပြစ်ဒဏ်များကို သိရှိရန်၊ ဆိုင်ကယ် စီးလျှင် ဦးထုပ်များဆောင်းရန်နှင့် ဆိုင်ကယ်ရှေ့မီးများ ဖွင့်မောင်းရန် အသိပညာပေးခြင်းလုပ်ငန်း များ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့နောက် တိုက်နယ်ကျန်းမာရေးဌာနမှ ကိုဗစ်-၁၉ ကူးစက်ပျံ့ပွားမှု မဖြစ်စေရေးအတွက် အပြင်ထွက်လျှင် နှာခေါင်းစည်းတပ်ဆင်ပြီးမှ ထွက်ကြရန်၊ လူစုလူဝေးမပြုလုပ်ကြရန်၊ ကျန်းမာရေး နှင့် အားကစား ဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များအား အသိပညာပေးပြီး Mask (၂၀၀) ခုကို အခမဲဖြန့်ဝေ ပေးခဲ့ ကြောင်း သိရသည်။
အောင်ခိုင် အင်တော(ပြန်/ဆက်)