ခိုလမ် စက်တင်ဘာ ၁၄
ရှမ်းပြည်နယ်တောင်ပိုင်း ၊ လွိုင်လင်ခရိုင် ၊ခိုလမ်မြို့တွင် ကိုရိုနာဗိုင်းရပ်(စ်)(COVID-19) ရောဂါ ကာကွယ် ထိန်းချုပ် နိုင်ရေး နှင့် ကုသရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ မြို့အဆင့် Coronavius Disease 2019(COVID-19)ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌနှင့် ကော်မတီ ဝင်များ က ယနေ့ နံနက် ( ၇ ) နာရီ အချိန် မှစ၍ ပြည်သူများ မိမိနေအိမ်မှပြင်ပသို့ ထွက်ခွာ သွားလာ ရာတွင် နှာခေါင်းစည်း ( Mask ) တပ်ဆင်ခြင်းရှိ / မရှိ တတိယအကြိမ် စစ်ဆေးခြင်းနှင့်အသိပညာပေးခြင်း ကို မီးသတ်ဦးစီးဌာန ရုံးရှေ့ လမ်းဆုံ ၊ မြို့မစျးလမ်းဆုံနှင့် ကျိုင်းတောင်း လမ်းဆုံ တို့တွင် စစ်ဆေး ဆောင်ရွက် ခဲ့ပါသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့အဆင့် Coronavius Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီဝင်များ၊မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်မြင့် ၊ ဌာနဆိုင်ရာများ ၊ ကျန်းမာရေး ဌာန မှ ဆေးရုံအုပ်ကြီး ဒေါက်တာလင်းထင်ကျော် နှင့်သူနာပြုများ ၊ ခိုလမ်ရဲစခန်းမှူးဆန်းထူးနိုင်နှင့်တပ်ဖွဲ့ဝင်များ၊ ခိုလမ်မီးသတ်ဦးစီးမှူးဦးဇင်မင်းဦးနှင့်တပ်ဖွဲ့၀င်များ ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူး များ ၊ မြို့မိမြို့ဖများ လူမှုရေးအသင်းအဖွဲ့များ စသည်တို့ ပူးပေါင်း၍ ပြည်သူများ မိမိနေအိမ်မှ ပြင်ပသို့ထွက်ခွာလာရာ တွင် နှာခေါင်းစည်း ( Mask ) တပ်ဆင်ခြင်း ရှိ /မရှိကို အထူးကြပ်မတ် စစ်ဆေးဆောင်ရွက်ခဲ့ရာ တပ်ဆင်ခြင်း မရှိပဲ သွားလာနေသော ပြည်သူများအား ကိုဗစ် - ၁၉ ကူးစက်ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် နှာခေါင်းစည်း( Mask ) (၁) ခုကို ဒဏ်ကြေးအနေဖြင့် ငွေကျပ် ( ၅၀၀ဝိ/-) နှုန်းဖြင့် ချက်ချင်းဝယ်ယူ တပ်ဆင် စေခဲ့ ကြောင်း သိရှိရသည် ။
ခင်လေးဝင်း ( ပြန် /ဆက် )