ပင်လုံမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် နှာခေါင်းစည်းများအခမဲ့ဖြန့်ဝေ

 

ပင်လုံ စက်တင်ဘာ ၁၄

ရှမ်းပြည်နယ် တောင်ပိုင်း၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး နှင့် ထိန်းချုပ်ရေးအတွက် ပင်လုံမြို့စေတနာ့ဝန်ထမ်းများအဖွဲ့က မြို့မဈေး နှင့် ကျူရုံး ကျေးရွာရှိပြည်သူများ အတွက် နှာခေါင်းစည်း(Mask) (၃၆၀၀)ခုအား အခမဲ့ဖြန့်ဝေခြင်းကို ယနေ့ နံနက် ပိုင်းက ဖြန့်ဝေ ဆောင်ရွက် ခဲ့ကြောင်းသိရသည်။

အဆိုပါဆောင်ရွက်မှုအား ပင်လုံစေတနာ့ ဝန်ထမ်းများအဖွဲ့က ဦးဆောင်၍ ပင်လုံမြို့အလှူရှင်များစုပေါင်း၍ လှူဒါန်းပေးခဲ့ကြကြောင်းသိရပြီး လူစည်ကားသည့် ပင်လုံမြို့မဈေးပတ်ဝန်းကျင်ရှိ လမ်းသွား လမ်းလာ ပြည်သူများ၊ ဈေးသည်၊ ဈေးဝယ်များအား ဖြန့်ဝေပေးခဲ့ပြီး ပင်လုံအရှေ့ကျေးရွာအုပ်စု ကျူရုံး ကျေးရွာရှိ ပြည်သူ များအတွက် နှာခေါင်းစည်း(Mask)များ ဆက်လက်ဖြန့်ဝေ လှူဒါန်းပေး ခဲ့ကြကြောင်း သိရသည်။ ပင်လုံ မြို့ စေတနာ့ ဝန်ထမ်းများ အဖွဲ့က ကိုဗစ်-၁၉ ကာလအတွင်း နှာခေါင်းစည်း(Mask)များအား အခမဲ့ ဆက်လက် ဖြန့်ဝေလှူဒါန်းပေးသွားမည်ဖြစ် ကြောင်းသိရသည်။

နန်းမြင့်မြင့်ဆွေ