တွံတေးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးနှင့် ညမထွက်ရအမိန့် အသံချဲ့စက်ဖြင့် စဉ်ဆက်မပြတ် နှိုးဆော်

တွံတေး   စက်တင်ဘာ   ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ရေးနှင့် ပတ်သက်၍ ရောဂါကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ရန်အတွက် ညမထွက်ရ  အမိန့် နှိုးဆော်ခြင်းကို မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအားလုံးတွင် ယမန်နေ့ညက လိုက်လံနှိုးဆော်ခဲ့ကြောင်းသိရသည်။

ယင်းသို့နှိုးဆော်ရာတွင် ကိုဗစ်-၁၉ ရောဂါကြောင့် ပြည်သူများ၏ ကျန်းမာရေးကို ထိခိုက်စေနိုင် သည့်အပြင် အသက်အန္တရာယ် သေဆုံးသည်အထိ ဖြစ်ပွားနိုင်သဖြင့် ရောဂါကာကွယ်ရေး နည်းလမ်းများတွင် အထောက်အကူပြုရန် အတွက် ည(၁၂:၀၀)နာရီမှ နောက်နေ့ နံနက်(၄:၀၀)နာရီထိ သတ်မှတ်နယ်နိမိတ်မှ နေအိမ်ပြင်ပသို့ထွက်ခွာခြင်း၊ လူစုလူဝေးပြုလုပ်ခြင်း မပြုလုပ်ကြရန် အသိပေးနှိုးဆော်ထားပြီး ဖြစ်၍ နေအိမ်ပြင်ပသို့ မဖြစ်မနေ သွားရောက်ရန် လိုအပ်ပါက Mask များတပ်ဆင်သွားကြရန်နှင့် ခရီးသွားမည်ဆိုပါက သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများထံ အကြောင်းကြားရန်၊ ညမထွက်ရအမိန့်အား ဖောက်ဖျက် ကျူးလွန်ပါကပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ(၁၈၈)ဖြင့် အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း ပြည်သူ များအား အသိပေးနှိုးဆော်မှုကို မြို့နယ်အတွင်းရှိ ရပ်ကွက်(၈)ရပ်ကွက်နှင့် နေ့စဉ် ရက်ဆက်မပြတ် နှိုးဆော်လျက် ရှိကြောင်းသိရသည်။

မျိုးလှိုင်(တွံတေး)