သာယာဝတီ စက်တင်ဘာ ၁၄
ကိုဗစ်-၁၉ ကာလ အတွင်း သာယာဝတီမြို့နယ်အတွင်းရှိ လောကအလင်းရောင် ပရဟိတ လူငယ်များ အသင်း (အင်းရွာ)သို့ ရောဂါကာကွယ်ရေး အတွက် နှာခေါင်းစည်းများကို ယမန်နေ့ နံနက်ပိုင်းက ပေးအပ်လှူဒါန်းခဲ့သည်။
ထိုသို့ လှူဒါန်းရာတွင် မန္တလေးမြို့နေ ကိုအော်မျိုးကျော်+မသဥ္ဇာလီတို့က နှာခေါင်းစည်းများအား ပေးပို့ လှူဒါန်းခြင်းဖြစ်ပြီး လောကအလင်းရောင်ပရဟိတလူငယ်များအသင်းမှ တာဝန်ရှိသူ တစ်ဦးက လက်ခံရယူကာ ပြည်သူလူထုအား ဆက်လက် ဖြန့်ဝေသွားမည် ဖြစ်သည်။
ထို့အပြင် ရပ်ကွက်များအတွင်း Mask Campaign ပြုလုပ်နိုင်ရန်အတွက် နှာခေါင်းစည်း အခု (၃၀၀၀) ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
သန့်ဇော်(ပြန်/ဆက်)