လှိုင်မြို့နယ်တွင် ညမထွက်ရအမိန့် လိုက်နာခြင်းရှိ/မရှိ စစ်ဆေးခြင်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်

ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများအား အထောက်အကူပြုနိုင်ရေးအတွက် ညမထွက်ရအမိန့်အား လိုက်နာခြင်း ရှိ/မရှိ စစ်ဆေးခြင်းကို ရန်ကုန်တိုင်း ဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်တွင် ယမန်နေ့ ညအချိန်က ရပ်ကွက် များအတွင်း လှည့်လည် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နောင်ချိုမြို့၌ ကျန်းမာရေးစစ်ဆေးရေးဂိတ်အား ဆည်မြောင်းဦးစီးဌာနရုံးရှေ့သို့ ပြောင်းရွှေ့ဖွင့်လှစ်

ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ညွှန်ကြားချက်များနှင့်အညီ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်အဝင် (OHC)တိုးဂိတ်တွင် သြဂုတ်လ(၂၆)ရက်နေ့က ပြန်လည်ဖွင့်လှစ်ထားရှိခဲ့ရာ ယနေ့နံနက်ပိုင်းတွင် အဆိုပါဂိတ်အား ဆည်မြောင်းဦးစီးဌာနရုံးရှေ့သို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပြီး ကျန်းမာရေးစစ်ဆေးခြင်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ငဖဲမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေး စားသောက်ဆိုင်များအား ပါဆယ်စနစ် ဖြင့်သာ ရောင်းချရန်အသိပညာပေးဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန် နှင့် ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန်အနေဖြင့် စားသောက်ဆိုင်များ ဆိုင်ထိုင်ရောင်းချခြင်း မပြုဘဲ ပါဆယ်စနစ်ဖြင့်သာရောင်းချရန် စက်တင်ဘာလ ၁၂ရက်နေ့ က မြို့ပေါ်နှင့် ကျေးရွာများတွင် ရောင်းချနေသော စားသောက်ဆိုင်များအား မြို့နယ်စည်ပင်သာယာရေး အဖွဲ့က အသိပေး နှိုးဆော်စာ များဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

ရပ်ကွက်/​ကျေးရွာအုပ်စု​ ရွေး​ကောက်ပွဲ​ကော်မရှင် အဖွဲ့ခွဲများ ​ရွေး​ကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်ဆင့်ပွား သင်တန်းဖွင့်လှစ်

ကယားပြည်နယ်၊ ဖား​ဆောင်းမြို့နယ်၊ မြို့နယ်​ရွေး​ကောက်ပွဲ​ကော်မရှင် အဖွဲ့ခွဲရုံးမှ ရပ်ကွက်/ကျေးရွာ အုပ်စု​ ရွေး​ကောက်ပွဲ​ကော်မရှင်အဖွဲ့ခွဲများ ​ရွေး​ကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်ဆင့်ပွား သင်တန်းကို ယနေ့ နံနက်(၉)နာရီ အချိန်က အဆိုပါ ရုံးအစည်းအ​ဝေးခန်းမ၌ ဖွင့်လှစ်ခဲ့သည်။

မင်းဘူး(စကု)မြို့နယ်တွင် ညမထွက်ရအမိန့် ထုတ်ပြန်ကြေညာ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်တွင် ညမထွက်ရအမိန့်ကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက စက်တင်ဘာ ၁၄ (ယနေ့) ရက်စွဲဖြင့် ထုတ်ပြန် ကြေညာလိုက်ကြောင်း သိရသည်။ “ကိုဗစ်-၁၉ ရောဂါဟာ ကမ္ဘာတစ်ဝန်း ကူးဆက်ပျံ့နှံ့လျက်ရှိပြီး မြန်မာနိုင်ငံမှာလည်း ပြည်တွင်းကူးစက်ခံရမှုနှုန်း မြင့်တက်နေတာကြောင့် မြို့နယ်အတွင်း ဆင့်ပွားကူးဆက်ခံရမှုတွေ မဖြစ်ပွားစေဖို့ ယခုလို ညမထွက်ရအမိန့် ထုတ်ပြန်ရခြင်းဖြစ်တယ်” လို့ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ကံက ပြောကြားခဲ့သည်။

ရွာငံမြို့နယ်တွင် ကိုဗစ်-၁၉ ကာလအတွင်း ပြည်သူ့စာကြည့်တိုက်၌ Online အစီအစဉ်ဖြင့် အသိပညာပေးဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်သည် ကိုဗစ်-၁၉ကာကွယ်ထိန်းချုပ်ရေးအတွက် စက်တင်ဘာလ(၉)ရက်နေ့ နံနက်ပိုင်းမှစ၍ ပြည်သူ့စာကြည့်တိုက်စာအုပ်/စာစောင်ငှားရမ်းခြင်း ကို ခေတ္တ ပိတ်ထားကြောင်း သိရသည်။

လှိုင်မြို့နယ်၌ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုရေး ပင်စင် ထောက်ပံ့ငွေများ အိမ်တိုင်ရာ ရောက် ထောက်ပံ့ပေးအပ်

ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်၌ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား များ အား လူမှုရေးပင်စင်ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းမှ စတင်၍ မြို့နယ်အတွင်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူတို့ကအိမ်တိုင်ရာရောက် လိုက် လံ ထောက်ပံ့ ပေးအပ်လျက်ရှိ ကြောင်းသိရသည်။

လားရှိုးခရိုင် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီ၏လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့မြို့တော်ခန်းမတွင် လားရှိုးခရိုင်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်(၉)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

မိုင်းငေါ့မြို့တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် အထူးရဲ(၁၆)ဦးနှင့် အရံ(၁)ဦး ခန့်အပ်

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင်ပြည်သူများ လုံခြုံစိတ်ချစွာ မဲပေးနိုင်ရေးအတွက် ရှမ်းပြည်နယ် (မြောက်ပိုင်း) ၊ ကျောက်မဲခရိုင် ၊ မိုင်းငေါ့မြို့တွင် မဲရုံလုံခြုံရေး တာဝန်ထမ်းဆောင်ရန် အထူးရဲ(၁၆)ဦးနှင့် အရံ(၁)ဦး စုစုပေါင်း(၁၇)ဦး ခန့်အပ်သွားမည် ဖြစ်ကြောင်းသိရသည်။

ကျောက်တံတားမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုထိန်းချုပ်နိုင်ရေးအတွက် နှာခေါင်းစည်း (Mask)ဝေငှခြင်းနှင့် အသိပညာပေးခြင်းများဆောင်ရွက်

ကျောက်တံတားမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း များကို အရှိန် အဟုန်မပျက်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက် ၉ နာရီ ၃၀ နာရီက မဟာဗန္ဓုလပန်းခြံရှေ့နှင့် ဘတ်စ်ကား မှတ်တိုင်များတွင် ပြည်သူများအား မဖြစ်မနေ နှာခေါင်းစည်း တပ်ဆင်အသုံးပြုရေးအတွက် Mask နှာခေါင်းစည်းများဝေငှခြင်း (Mask Campaign) အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to