မြဝတီမြို ့မဲကနယ်အသွားအလာကန့်သတ်စောင့်ကြပ်ကြည့်ရှုရေးစခန်းတွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ကုသရေးပစ္စည်းများ လာရောက်လှူဒါန်း

မြဝတီ စက်တင်ဘာ  ၁၄

မြန်မာ-ထိုင်းချစ်ကြည်ရေးတံတား အမှတ်-၂မှတစ်ဆင့် မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာကြသည့် မြန်မာရွေ့ပြောင်းအလုပ်သမားများကို မြဝတီမြို့ရှိ အသွားအလာကန့်သတ် စောင့်ကြပ်ကြည့်ရှု ရေး စခန်းအသီးသီးတွင်ထားရှိလျက်ရှိကြောင်းသိရသည်။

အဆိုပါအသွားအလာကန့်သတ်စောင့်ကြပ်ကြည့်ရှုရေးစခန်းများအနက် စက်တင်ဘာ ၁၂ ရက်နေ့ နံနက်ပိုင်းက မဲကနယ်အသွားအလာကန့်သတ်စောင့်ကြပ်ကြည့်ရှုရေးစခန်းတွင် UN World Food Programme မှ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ကုသရေးပစ္စည်းများ လာရောက် လှူဒါန်းခဲ့သည်။

UN World Food Programme မှ Program Associate L Ja Lum က PPE ကာကွယ်ရေးဝတ်စုံများ၊ ရာဘာလက်အိတ်များ၊ နှာခေါင်းစည်းများ၊ PPEကာကွယ်ရေးမျက်မှန်များ၊ ကာကွယ်ရေးဖိနပ်များ၊ လက်သန့်ဆေးရည်ဘူးများ၊ လက်ဆေးဆပ်ပြာရည်နှင့် အပူချိန်တိုင်း ကိရိယာများကို မဲကနယ် အသွားအလာကန့်သတ်စောင့်ကြပ်ကြည့်ရှုရေးစခန်းတာဝန်ခံ ဦးသိုင်းထွန်းဇော်မှ လက်ခံရယူပေးခဲ့ ကြောင်းသိရသည်။

 

မန်းသန်းရွှေမြင့်