ပလောက် စက်တင်ဘာလ ၁၄
တနင်္သာရီတိုင်းဒေသကြီး ၊ မြိတ်ခရိုင် ၊ ပလောက်မြို့၊ ရွှေသီလာရတနာခန်းမ၌ ယမန် နေ့နံနက်(၉)နာရီ က ပထမအကြိမ် မဲပေးမည့် လူငယ်များအား ပြည်သူ့နီတိနှင့် ဆန္ဒမဲပေးပုံ အသိပညာပေးခြင်းများ ဆောင်ရွက် ခဲ့ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပုလောမြို့နယ် လူငယ်ရေးရာကော်မတီအဖွဲ့နှင့် ရပ်ကွက် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲတို့ ပူးပေါင်း၍ ပုလောမြို့နယ် လူငယ်ရေးရာ ကော်မတီ ဝင်များမှ ပထမအကြိမ် မဲပေးမည့် လူငယ်များအား ပြည်သူ့နီတိနှင့်နိုင်ငံ ဖွဲ့စည်း တည်ဆောက်ပုံ ၊ လွှတ်တော်အဆင့်ဆင့်ရွေးချယ်တင်မြှောက်မှု ၊ မဲပေးခြင်းဆိုင်ရာ အသိပညာ ပေးခြင်း ၊မဲစာရင်းကြည့်ရှုခြင်း၊ပယ်မဲ ၊ ခိုင်လုံမဲ ၊ ကြိုတင်မဲ ၊ ကိုဗစ်-၁၉ ကာလအတွင်း လက်တွေ့ သရုပ်ပြမဲပေးခြင်း၊ရွေးကောက်ပွဲဆိုင်ရာအကြောင်းအရာများ အသိပညာပေး ဆွေးနွေးခြင်းများပြုလုပ် ပေးခဲ့ပြီး ဆွေးနွေးပွဲသို့တက်ရောက်လာကြသူများအား ကျန်းမာရေးနှင့်အား ကစား ဝန် ကြီးဌာန မှ ထုတ်ပြန်ထားသည့်စည်းကမ်းချက် များနှင့်အညီ လက်ဆေးခြင်း၊ Mask တပ်ဆင် စေခြင်း ၊ အပူချိန်တိုင်းခြင်း စည့်တို့ကို လိုက်နာဆောင်ရွက်ကြကြောင်း သိရသည်။
နှင်းမြူလွင် ပလောက်ပြန်/ဆက်