လယ်ဝေး စက်တင်ဘာ ၁၄
ပြည်ထောင်စုနယ်မြေ၊ ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်အထက် ဘိုးဘွားများအား ယမန်နေ့မှစ၍ ထောက်ပံ့ငွေများ ပေးအပ်လျက်ရှိကြောင်း သိရသည်။
လယ်ဝေးမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်အထက် ဘိုးဘွား(၁၆၂၁)ဦးတို့အား လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် စတုတ္ထသုံးလပတ်ဖြစ်သည့် ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာ(၃)လစာအတွက် တစ်ဦးလျှင်ထောက်ပံ့ငွေ ကျပ်(၃၀၀၀ဝိ/-)နှုန်းဖြင့် ငွေကျပ် (၄၈၆၃၀၀၀ဝိ/-)အား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတစ်ဆင့် ရပ်ကျေးအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကျေးစာရေးတို့က ဘိုးဘွားများအား အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဝေကြည်စန်းအောင်(ပြန်/ဆက်)