အိမ်မဲမြို့နယ်ကျေးရွာ (၉၇)အုပ်စုအတွက်မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ နှာခေါင်းစည်း ၃၀၀၀၀ လှူဒါန်း

ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်တွင် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီမှ မြို့နယ်အတွင်း ကျေးရွာအုပ်စု(၉၇)အုပ်စုအတွက် နှာခေါင်းစည်း ၃၀၀၀၀ကို လှူဒါန်းပေးခဲ့ကြောင်း သိရသည်။”အိမ်မဲမြို့နယ်မှာ ကျေးရွာအုပ်စု(၉၇)အုပ်စု၊ ရပ်ကွက်(၅)ရပ်ကွက်နဲ့ ကျေးရွာပေါင်း(၅၀၅)ရွာက ပြည်သူတွေ ကိုဗစ်(၁၉)ရောဂါ ကူးစက်ခြင်းမှကာကွယ်ရန် မြို့နယ်ကိုဗစ်(၁၉) ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီကနေပြီးတော့ နှာခေါင်းစည်းအခု ၃၀၀၀၀ လှူဒါန်းပေးတာပါ။ ခုလှူဒါန်းပေးနေတာကတော့ မြို့ပေါ်က လမ်းသွားလမ်းလာတွေကို လှူဒါန်းပေးနေတာပါ။ ကျေးရွာကပြည်သူတွေအတွက် သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးတွေက တစ်ဆင့်လှူဒါန်းပေးပါတယ်” လို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမင်းသူက ပြောသည်။

သန်လျင်၌ ပြည်သူများ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ရေးအတွက် ပါးစပ်နှာခေါင်းစည်း Mask ၁၁၀ အခမဲ့ဖြန့်ဝေ

ပြည်သူများ ကိုရိုနာဗိုင်းရပ်စ် ကိုဗစ်- ၁၉ ရောဂါ ဖြစ်ပွားမှုမှကာကွယ်နိုင်ရန်အတွက် ရန်ကုန် တိုင်းဒေသကြီး၊ သန်လျင်မြို့နယ် လူစည်ကားရာနေရာများတွင် ကျန်းမာရေးအသိ ပညာပေး ခြင်းနှင့် ပါးစပ်နှာခေါင်းစည်း (Mask) ၁၁၀ အခမဲ့ဖြန့်ဝေပေးခြင်းကို ယနေ့ နံနက် ၇ နာရီက သန်လျင်- သီလဝါသွား ကျိုက်ခေါက်ဘုရား လမ်းမကြီး၌ ပြုလုပ်ခဲ့ ကြောင်း သိရသည်။

ကလေးခရိုင် မင်းကင်းမြို့တွင် ခရီးသွားပြည်သူများအား Maskများ အခမဲ့ဖြန့်ဝေခြင်းနှင့် ခရီး သွား မှတ်တမ်းများ စနစ်တကျ ရယူခြင်း ဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့တွင် မြို့နယ် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌဦးဆန်းဗိုလ်ဦးဆောင်သောအဖွဲ့နှင့် ချမ်းမြေ့စည် သာသနာ့ ရိပ်သာ ဆရာတော်ဥူးဇောတိကဓမ္မရံသီတို့က ခရီးသွား ပြည်သူများ အား Maskများ အခမဲ့ဖြန့်ဝေခြင်းနှင့် ခရီးသွားမှတ်တမ်းများရယူခြင်းကို ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။

မိုင်းပန်မြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်နိုင်ရေး ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဦးဆောင်၍ ယနေ့နံနက်(၆) နာရီအချိန်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်အတွင်းနေ ပြည်သူများအနေဖြင့် နေအိမ်ပြင်ပမှ ထွက်ခွာလာပြီး နှာခေါင်းစည်း (Mask) မတပ်ဆင်သူများအား "ချက်ခြင်းဝယ် ချက်ခြင်းတပ်" စနစ်ဖြင့် နှာခေါင်းစည်း (Mask) များ ဝယ်ယူစေခြင်းကို Campaign အသွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဝိုင်းမော်မြို့၌ လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာဆိုင်းဘုတ် စိုက်ထူခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်း လုပ်ငန်းဆောင်ရွက်

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့၌ လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ ဆိုင်းဘုတ် စိုက်ထူခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယမန်နေ့ နံနက်(၁၁)နာရီက ဝိုင်းမော်မြို့၊ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းရှေ့ စည်ပင်ပန်းခြံဝင်း အတွင်း၌ ဆောင်ရွက်ခဲ့သည်။

မြောင်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေး မြို့မဈေးအတွင်း အသိပညာပေးနှိုးဆော်

စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ် စည်ပင်သာယာရေးကော်မတီမှ မြောင်မြို့၊ မြို့မဈေးကြီး အတွင်းသို့ ဈေးရောင်း၊ ဈေးဝယ်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ယနေ့၊ နံနက်ပိုင်းက အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

တီးတိန်မြို့နယ်၌ နေရပ်ပြန်ပြည်သူ(၂၈)ဦး Facility Quarantine ထားရှိဆောင်ရွက်

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၌ နေရပ်ပြန်ပြည်သူ (၂၈)ဦးတို့သည် ယခုလတ်တလောအချိန်တွင် သတ်မှတ်ထားသည့် Facility Quarantine Centre နေရာများတွင် စောင့်ကြပ်ကြည့်ရှုခြင်း ခံယူလျက် ရှိကြကြောင်း သိရသည်။

ကဝမြို့နယ်တွင် ငါးမွေးတောင်သူများအား ငါးသားပေါက်များ ထောက်ပံ့ပေးအပ်

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် နိုင်ငံတော်အစိုးရမှ ကိုဗစ်-၁၉ အလွန် ငါးမွေးမြူရေး နှင့် ရေလုပ်ငန်းကဏ္ဍ ပြန်လည်ဦးမော့လာစေရန် ရည်ရွယ်၍ ငါးမွေးတောင်သူများကို ငါးသားပေါက် များ ထောက်ပံ့ပေးအပ်လျက်ရှိရာ ကဝမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ငါးမွေး တောင်သူများထံသို့ ငါးသားပေါက်များ ထောက်ပံ့ပေးအပ်ခြင်းအား ယမန်နေ့က အုန်းနှဲကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့သည်။

၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ကျောက်မဲမြို့နယ်တွင် အထူးရဲ(၁၁၁)ဦး ခန့်အပ်သွားမည်

၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများ လုံခြုံစိတ်ချစွာ မဲပေးနိုင်ရေးအတွက် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ် (မိုင်းလုံမြို့၊ မိုင်းငေါ့မြို့အပါအဝင်)တွင် မဲရုံလုံခြုံရေး တာဝန်ထမ်းဆောင်ရန် အထူးရဲ ၁၁၁ ဦး ခန့်အပ်သွားမည်ဖြစ်ကြောင်း သိရသည်။
Subscribe to