တံတားဦးမြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များ မြို့ဝင်၊ မြို့ထွက် စစ်ဆေးရေးဂိတ်များ ကွင်းဆင်းစစ်ဆေး
ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးလှဝင်းအောင်နှင့် ကော်မတီဝင်များသည် ယနေ့နံနက် (၁၀) နာရီက မြို့ဝင်၊ မြို့ထွက် စစ်ဆေးဂိတ်များတွင် အလှည့်ကျတာဝန်ထမ်းဆောင်နေသော ဌာနဆိုင်ရာဝန်ထမ်းအား တာဝန်ထမ်းဆောင်ခြင်း ရှိ ၊ မရှိ ကွင်းဆင်းစစ်ဆေးကြောင်း သိရသည် ။