ကျောက်ကြီး စက်တင်ဘာ ၁၄
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ် အထွေအထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမ၌ ကျောက်ကြီးမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာအုပ်စုများအား မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေး ပေါ်တုံ့ပြန်ရေးကော်မတီမှ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လှုံ့ဆော်ရာတွင် အသုံးပြုရန် Hand Speaker နှင့် ပြည်သူများသို့ ပန်ကြားချက်အသံဖိုင်ပါ Stick များကို စက်တင်ဘာလ(၁၂)ရက် ညနေပိုင်းနှင့် စက်တင်ဘာလ(၁၃)ရက်နံနက်ပိုင်းတို့၌ ထုတ်ပေးလျက်ရှိသည်။
ပြည်သူများသို့ ပန်ကြားချက်အသံဖိုင်ပါ Stick တွင် ကမ္ဘာ့ကပ်ရောဂါအဖြစ် ကြေညာထားသည့် ကိုဗစ်-၁၉ ရောဂါနှင့် စပ်လျဉ်း၍ ကျောက်ကြီးမြို့နယ်အတွင်း ရောဂါကူးစက်ပြန့်ပွားမှုမဖြစ်ပေါ်စေရေးနှင့် ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများအတွက် အထောက်အကူဖြစ်စေရန် မြို့နယ်အတွင်းရှိ ပြည်သူများ တိကျစွာ လိုက်နာဆောင်ရွက်ကြရန်နှင့် လိုက်နာရန် ပျက်ကွက်ပါက သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေနှင့် အခြားသက်ဆိုင်ရာ ဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း စသည့် ညွှန်ကြားချက်များပါရှိ ကြောင်း သိရပြီး အဆိုပါကြေညာချက်များအား ရပ်ကွက်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ ကြီးကြပ်၍ မြို့ပေါ်ရပ်ကွက်များ၊ ကျေးရွာခွဲများအထိ ထိရောက်စွာ လှည့်လည်လှုံ့ဆော်ဆောင်ရွက်နိုင်ရန် စီမံပေးရ ခြင်းဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သူမှ ပြောကြားပြီး ရပ်ကွက်ကျေးရွာအုပ်စု (၄၁) အုပ်စုရှိအုပ်ချုပ်ရေးမှူးများအား ထုတ်ပေးခဲ့ကြောင်း သိရသည်။
K ခိုင် ပြန်/ဆက်