မိတ္ထီလာမြို့၌ အဋ္ဌမအကြိမ်မြောက် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ပြည်သူ့အကျိုးပြုဆိုင်းဘုတ်များ စိုက်ထူ

     မိတ္ထီလာ၊စက်တင်ဘာလ ၁၄

မိတ္ထီလာမြို့၌ အဋ္ဌမအကြိမ်မြောက် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပြည်သူ့ အကျိုးပြုဆိုင်းဘုတ်များ စိုက်ထူးခြင်း ကို ယမန်နေ့ နံနက် ၉နာရီအချိန် ရန်ကုန်-မန္တလေးကားလမ်းဟောင်း သပြေဝကျေးရွာလမ်းဆုံ မိတ္ထီလာမြို့ ကြိုဆိုပါ၏ ဆိုင်းဘုတ်အနီးတွင်  စိုက်ထူးခဲ့ကြောင်း သိရသည်။

အမှတ်(၁)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စိတ် (မိတ္ထီလာ)နှင့် အက်ရှင်အေ့ဒ်မြန်မာတို့ ပုးပေါင်း၍ အဌမအကြိမ်မြောက် မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် “လူကုန်ကူးမှုပ ပျောက်ရေး ရှေ့တန်းကနေ စွမ်းဆောင်ပေး” ဆောင်ပုဒ်နှင့် အရေးပေါ် (Hot Line) ဖုန်းနံပါတ်များ ပါဝင်သည့် ပြည်သူ့အကျိုးပြု ဆိုင်းဘုတ်အား ရန်ကုန်-မန္တလေးကားလမ်းဟောင်း သပြေဝကျေးရွာလမ်းဆုံ မိတ္ထီလာမြို့ ကြိုဆိုပါ၏ ဆိုင်းဘုတ်အနီးတွင်  စိုက်ထူးခဲ့ပြီး ၎င်းဆိုင်ဘုတ်အား ခရိုင်အုပ်ချုပ်ရေးမှူး ဦးသက်လွင်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး အုန်းဟန်ဌေး၊ အမှတ်(၁) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စိတ် (မိတ္ထီလာ)မှ တပ်ဖွဲ့စိတ်မှူး ရဲအုပ် သူရနှင့် တာဝန်ရှိသူတို့က အမွှေးနံသာများဖြင့် ပက်ဖြန်းခဲ့ကြသည်။

ဆက်လက်၍ အဋ္ဌမအကြိမ်မြောက် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် “လူကုန်ကူးမှု ပပျောက်ရေး ရှေ့တန်းကနေ စွမ်းဆောင်ပေး” ဆောင်ပုဒ်နှင့် အရေးပေါ်(Hot Line) ဖုန်းနံပါတ်များ ပါဝင်သည့် ပြည်သူ့အကျိုးပြု ဆိုင်းဘုတ်အား မိတ္ထီလာ-မြင်းခြံသွားကားလမ်း ကံကောင်း အမြန်လမ်းမကြီး လမ်းဆုံတွင်လည်း စိုက်ထူးခဲ့ပြီး  မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းငြိမ်းအောင်၊ မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး သိန်းထွန်းနှင့် တာဝန်ရှိသူတို့က အမွှေးနံသာများဖြင့် ပက်ဖြန်းခဲ့ကြကြောင်း သိရသည်။

 

သိန်းမြင့်ကျော်(မိတ္ထီလာ)