ကျောက်တံတားမြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအတွက် လူမှုရေးပင်စင် ထောက်ပံ့ငွေများပေးအပ်

ရန်ကုန် စက်တင်ဘာ ၁၄


ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ်တွင် အသက်(၈၅)နှစ်နှင့် အထက် ဘိုးဘွားများအား သုံးလတစ်ကြိမ် ထောက်ပံ့ပေးလျက်ရှိသော လူမှုရေးပင်စင်ထောက်ပံ့ငွေ များ လွှဲပြောင်းပေးအပ်ခြင်းကို ယနေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန အစည်းအဝေးခန်းမ၌ မြို့နယ် အတွင်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးများထံ ပေးအပ်ခဲ့ ကြောင်း သိရသည်။
အဆိုပါ ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်၊ သြဂုတ်နှင့် စက်တင်ဘာလများအတွက် လူမှုရေးပင်စင် တစ်ဦးလျှင် (၃၀၀၀ဝိ/-) ကျပ်နှုန်းဖြင့် ကျောက်တံတားမြို့နယ်အတွင်းရှိ အသက် (၈၅)နှစ်နှင့်အထက် သက်ကြီး ဘိုးဘွား (၂၀၃) ဦးအား စုစုပေါင်းထောက်ပံ့ငွေကျပ် (၆၉၀၀၀ဝိ/-) ကျပ်ကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထူးကျော်မှ ရပ်ကွက် (၉) ရပ်ကွက်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးများထံ လွှဲပြောင်းပေး အပ်ခဲ့ကြောင်း သိရသည်။
ရွှေနန်းမေ