သနပ်ပင်မြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင် ၂၀၂၀ပြည့်နှစ်   နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းဆွေးနွေးပွဲကို  စက်တင်ဘာ ၁၅ ရက်နေ့ နံနက် ၁၀နာရီ အချိန်တွင် သနပ်ပင်မြို့နယ် အထက တောင်ဘက်ကမ်းကျောင်း၌   အားကစားနှင့်ကျန်းမာရေးဝန်ကြီးဌာနက  ချမှတ်ထားသောစည်းကမ်းချက်များနှင့် အညီဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

မြစ်သားမြို့နယ်တွင်းရှိ ကျေးရွာများသို့ ကွင်းဆင်းကာ ကျွဲ၊ နွား ပေါင်ပုပ်လက်ပုပ်ရောဂါ ကာကွယ်ဆေးထိုးနှံပေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ကျေးရွာများသို့ကွင်းဆင်းကာ ကျွဲ၊ နွား ပေါင်ပုပ်လက်ပုပ်ရောဂါကာကွယ်ဆေးများကို ယမန်နေ့မှစ၍ လိုက်လံထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ရမည်းသင်းမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးအတွက် ဝန်ထမ်းများအား နှာခေါင်းစည်း၊ လက်ဆေးဆပ်ပြာခဲနှင့် ကြက်ဥများ ထောက်ပံ့ပေးအပ်

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီတို့ပူးပေါင်း၍ ခရိုင်ပြန်/ဆက်ဝန်ထမ်းအား (Mask) နှာခေါင်းစည်း၊ လက်ဆေးဆပ်ပြာခဲများနှင့် ကြက်ဥတို့ကို ယနေ့နံနက် ၉နာရီခွဲက ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ခိုလမ်မြို့ ကုတင်(၁ဝဝ) ပြည်သူ့ဆေးရုံသို့ ကိုဗစ်-၁၉ ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အထောက်အကူပြုပစ္စည်းများ လာရောက်လှူဒါန်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ခိုလမ်မြို့ရှိ ကုတင်(၁ဝဝ) ပြည်သူ့ဆေးရုံသို့ Access To Health Marie Stopes Myanmar (NGO) မှ ယ​နေ့ နေ့လယ် (၁၂) နာရီ အချိန်က ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ရေးနှင့် ထိန်းချုပ်နိုင်ရေးအတွက် (Face Mask )(၁၀၀) ဗူး ( ၅၀၀၀) ခု ၊ Hand Sanitizer (500ml) (၃၀) ဗူး ၊ Exam Glove (၁၀) ဗူး နှင့် Hand Wash (530 ml) (၃၆) ဗူး စသည့် အထောက်အကူပြုပစ္စည်းများအား လာရောက်လှူဒါန်းခဲ့ပါသည် ။

မိတ္ထီလာ၌ အပြင်ထွက်သွားလာသူများ နှာခေါင်းစည်း တပ်ဆင်သွားလာမှုများပြားလာ

မိတ္ထီလာ၌ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီ၏ လမ်းညွှန်မှုဖြင့် နှာခေါင်းစည်းတပ်ဆင်မှု ရှိ၊ မရှိ ရှောင်တခင်စစ်ဆေးခြင်း၊ ပရဟိတလူမှုရေးအသင်းအဖွဲ့များနှင့် အလှူရှင်စေတနာရှင်များပူးပေါင်း၍ နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေအသိပညာပေးခြင်းများကြောင့် အပြင်ထွက်သွားလာသူများအနေဖြင့် နှာခေါင်းစည်းများ တပ်ဆင်သွားလာမှု များပြားလာကြောင်း သိရသည်။

သုံးခွမြို့၌ ပြည်သူများ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ရေးအတွက် နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေခြင်းနှင့် အသိပညာပေးခြင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်သုံးခွမြို့နယ် လူစည်ကားရာနေရာများတွင် ပြည်သူ များ ကိုဗစ်- ၁၉ ရောဂါ ဖြစ်ပွားမှုမှ ကာကွယ်နိုင်ရန်အတွက် ကျန်းမာရေးအသိပညာပေး ခြင်းနှင့် နှာခေါင်းစည်း (Mask) များ အခမဲ့ဖြန့်ဝေပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့မ‌ ဈေးနှင့် ရှစ်မျက်နှာဘုရား‌‌ရှေ့တို့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

မိုင်းငေါ့မြို့တွင် ကိုဗစ်-၁၉ ကာလအတွင်း ပြည်သူ့စာကြည့်တိုက်၌ Online အစီအစဉ်ဖြင့် အသိပညာပေးလုပ်ငန်းများဆောင်ရွက်

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ပြည်သူ့စာကြည့်တိုက်အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် စက်တင်ဘာ(၉) ရက်နေ့ နံနက်ပိုင်းမှစတင်၍ စာအုပ်/စာစောင်များ ငှားရမ်းခြင်းကို ခေတ္တယာယီ ပိတ်ထားကြောင်း သိရသည်။

လပွတ္တာ၌ စျေးသူ/စျေးသားများနှင့် စျေးဝယ်သူများအား အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် စည်ပင်သာယာရေး နယ်နမိတ်အတွင်း စျေးသူ/ စျေးသားများနှင့် စျေးဝယ်သူများအား အသိပညာပေးခြင်း လုပ်ငန်းများကို ယနေ့ နံနက် ၇ နာရီအချိန့်က နန္ဒဝန်စျေး ၊ ရေပေါ်စျေး ၊ အမှတ် (၁) ရပ်ကွက်စျေး တို့တွင် အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

ရပ်ကွက်/​ကျေးရွာအုပ်စု​ ရွေး​ကောက်ပွဲ​ကော်မရှင် အဖွဲ့ခွဲများ ​ရွေး​ကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်ဆင့်ပွား သင်တန်းဖွင့်လှစ်

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မြို့နယ်​ရွေး​ကောက်ပွဲ​ကော်မရှင် အဖွဲ့ခွဲမှ ရပ်ကွက်/ကျေးရွာ အုပ်စု​ ရွေး​ကောက်ပွဲ​ကော်မရှင်အဖွဲ့ခွဲများ ​ရွေး​ကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်ဆင့်ပွား သင်တန်းကို ယနေ့ နံနက်(၉)နာရီ အချိန်က အဆိုပါ ရုံးအစည်းအ​ဝေးခန်းမ၌ ဖွင့်လှစ်ခဲ့သည်။
Subscribe to