ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ မကွေးဌာနခွဲရုံး တွင် ရှေးဟောင်းဝတ္ထုပစ္စည်း များ လာရောက်အပ်နှံသည့်သူများအား ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြုမှတ်တမ်း လွှာပေးအပ်

မကွေးတိုင်းဒေသကြီး ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ မကွေးဌာနခွဲရုံး တွင် ရှေးဟောင်းဝတ္ထုပစ္စည်းများ လာရောက်အပ်နှံသည့် သူများအား ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြု မှတ်တမ်း လွှာပေးအပ်ခြင်းကို ယနေ့ နံနက် ၁၀ နာရီက အဆိုပါရုံးခန်း၌ ကျင်းပခဲ့သည်။

ချောင်းဆုံမြို့နယ် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင် ရေးအတွက် မွန်ပြည်နယ် ချောင်းဆုံမြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်(၁၀)နာရီခွဲအချိန်က ချောင်းဆုံမြို့ ကျွန်းသာ ယာခန်းမတွင် ကျင်းပသည်။

မော်လမြိုင်ခရိုင် ကျိုက်မရောမြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေး ကျင်းပ

မွန်ပြည်နယ် မော်လမြိုင်ခရိုင် ကျိုက်မရောမြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်နိုင်ရန်အတွက် မြို့နယ်အဆင့် ကိုဗစ်- ၁၉ ရော ဂါကာကွယ် ထိန်းချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ ကျေးရွာ အုပ်ချုပ် ရေးမှူးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁ဝနာရီက မြို့နယ်အထွေထွေ အုပ်ချုပ် ရေးဦးစီးဌာန ရွှေဟင်္သာခန်းမ၌ ကျင်းပသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်တွင် ကိုဗစ်ကာလအတွင်း လူစုလူဝေး မဖြစ်ပေါ်စေရေး အတွက် မြစိမ်းရောင်စီမံကိန်းရန်ပုံငွေများကို အိမ်တိုင်ရာရောက် ထုတ်ချေးပေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ကြောင်ပန်းကန်ကျေးရွာတွင် ကိုဗစ်ကာလအတွင်း လူစုလူဝေး မဖြစ်ပေါ်စေရေးအတွက် မြစိမ်းရောင်စီမံကိန်းရန်ပုံငွေများကို အိမ်တိုင်ရာ ရောက် ထုတ်ချေးပေးလျက်ရှိကြောင်း ရွှေဘိုခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

ဟင်္သာတ၌ ကိုဗစ်-၁၉ ရောဂါကူးစက် ပြန့်ပွားမှု ထိန်းချုပ်ရေးအတွက် နေ့/ည မပြတ် စစ်ဆေးမှုများ ဆောင်ရွက်

ဧရာဝတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်တွင် ကိုဗစ် −၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမဖြစ် ပေါ်စေရေးနှင့် ကာကွယ်ထိန်းချုပ်နိုင်ရေးတို့အတွက် နေ့/ည မပြတ် ကြပ်မတ်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

မင်းကင်းမြို့တွင် ကိုဗစ်-၁၉ စီးပွားရေး ကုစားမှု ( CERP) အစီအစဉ်ဖြင့် စိုက်ပျိုး ထားသော လယ်မြေ အား ကွင်းဆင်း စစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး၊မင်းကင်းမြို့နယ် သင်္ဘောကျေးရွာအုပ်စု ကမ်းပြည့်ကျေးရွာတွင် ကလေး ခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်မျိုးစေ့တာဝန်ခံဦးစီးအရာရှိ ဒေါ်ခင်စန်းမြင့်နှင့်မြို့နယ်မျိုးစေ့ တာဝန်ခံ ဒေါ်စန်းစန်းဝင်းတို့က ကိုဗစ်-၁၉ စီးပွားရေးကုစားမှု CERP အစီအစဉ်အရ စိုက်ပျိုးထား သော လယ်ကွင်းများအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခြင်းခဲ့ကြကြောင်းသိရသည်။၊

ဖျာပုံမြို့၌ CERP အစီအစဉ်အရ ဘိုးဘွားရိပ်သာနှင့်ပရဟိတဂေဟာများသို့ ထောက်ပံ့ငွေများ ပေးအပ်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့၌ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု(CERP) အစီအစဉ်အရ လူမှုဝန်ထမ်းဦးစီးဌာနက ဘိုးဘွားရိပ်သာနှင့် ပရဟိတဂေဟာများသို့ ထောက်ပံ့ငွေ ပေးအပ်ခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်တွင် ခရိုင်လူမှုဝန်ထမ်း ဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

ဗိုလ်တထောင်မြို့နယ်တွင်နှာခေါင်းစည်းများနှင့် Hand Gel ဖြန့်ဝေပေးပြီး ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ် ရေးအရှိန်အဟုန်မြှင့်ဆောင်ရွက်

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်နိုင် ရန်အတွက် မြို့နယ် တွင် လူအသွားအလာများသော နေရာများ၌ ယမန်နေ့နံနက်(၈)နာရီကနှာခေါင်း စည်းများနှင့် hand gel ဗူးများကိုဖြန့်ဝေခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင် ခရိုင်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီဝင်များ ညှိနှိုင်း အစည်းအဝေးကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး ၊ကလေးမြို့တွင် နိုင်ဝင်ဘာလ(၈)နေ့၌ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ ၊ပါတီ များနှင့် ရွေးကောက်ပွဲတွင်သက်ဆိုင်သူများအကြား အငြင်းပွားမှုဖြင့်မဲဆွယ်စည်းရုံးရေးကာလ အတွင်း တစ်စုံတစ်ရာ ပေါ်ပေါက်လာပါက ရွေးကောက်ပွဲဆိုင်ရာစေ့စပ်ညှိနှိုင်းရေးကော်မတီအဆင့်ဆင့် လုပ်ငန်း စဉ်လက်စွဲနှင့်အညီ အချိန်တိုအတွင်း လွယ်ကူလျှင်မြန်စွာဖြေရှင်းဆောင်ရွက်နိုင်ရေးတို့အတွက် ရွေးကောက်ပွဲဆိုင်ရာ ညှိနှိုင်းရေး ကော်မတီဝင်များ ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်း ၁၀နာရီ အချိန်က ကလေးခရိုင်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးတွင်ကျင်းပခဲ့ကြောင်းသိရသည်။
Subscribe to