ခိုလမ်မြို့ ကုတင်(၁ဝဝ) ပြည်သူ့ဆေးရုံသို့ ကိုဗစ်-၁၉ ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အထောက်အကူပြုပစ္စည်းများ လာရောက်လှူဒါန်း

ခိုလမ်   စက်တင်ဘာ ၁၅ 

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ခိုလမ်မြို့ရှိ ကုတင်(၁ဝဝ) ပြည်သူ့ဆေးရုံသို့  Access  To  Health  Marie Stopes Myanmar (NGO) မှ ယ​နေ့ နေ့လယ် (၁၂) နာရီ အချိန်က ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ဘူး ၊ Exam  Glove (၁၀) ဘူး  နှင့် Hand Wash (530 ml) (၃၆) ဘူး စသည့် အထောက်အကူပြုပစ္စည်းများအား  လာရောက်လှူဒါန်းခဲ့ပါသည် ။

အဆိုပါ လှူဒါန်းမှုကို ကုတင်(၁ဝဝ) ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာလင်းထင်ကျော်နှင့် သူနာပြု များက လက်ခံရယူပြီး ဆေးရုံအုပ်ကြီးမှ ကျေးဇူးတင်စကား ပြောကြားပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ပေးအပ်ခဲ့ကြောင်း သိရသည်။

ခင်လေးဝင်း(ပြန် / ဆက်)