ပလောက်၊ စက်တင်ဘာ ၁၅
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှု မဖြစ်ပေါ် စေရေး ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် စည်ပင်သာယာဈေးအရှေ့၌ ခရီးသွားပြည်သူများနှင့် နေအိမ်ပြင်ပ ထွက်ခွာသွားလာနေသူများအား နှာခေါင်းစည်းများတပ်ဆင်ခြင်း ရှိ/မရှိ ရှောင်တခင်စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စစ်ဆေးဆောင်ရွက်ရာတွင် မြို့ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူး ဦးမျိုးဝေဦးဆောင်သော ပူးပေါင်းအဖွဲ့က နှာခေါင်းစည်း (Mask) တပ်ဆင်ခြင်းမရှိသည့်လမ်းသွားလမ်းလာနေပြည်သူများအား အရေးယူမှုများဆောင် ရွက်လျက်ရှိပါကြောင်းနှင့် မြို့ကိုဗစ်-၁၉ ရောဂါကာ ကွယ်ထိန်းချုပ်ရေးနှင့်အရေး ပေါ်တုံ့ပြန်ရေးကော်မတီ အဖွဲ့ဝင်များအနေဖြင့် ကူးစက်မှုမဖြစ်ပေါ်စေရေး အရှိန်အဟုန်မပြတ် ဆက် လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နှင်းမြူလွင်