မိုင်းယုမြို့၌ ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် အဖွဲ့(၃)ဖွဲ့ဖြင့် နေ့ညမပြတ် အထူးကြပ်မတ်စစ်ဆေး

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယုမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုများ ကြိုတင်ကာကွယ်တားဆီးနိုင်ရေး၊ ရောဂါဖြစ်ပွားမှုနှုန်းလျော့ချနိုင်ရေးတို့အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ထားခြင်း ရှိ/မရှိတို့ကို စစ်ဆေးကြီးကြပ်ရေးအဖွဲ့(၃)ဖွဲ့ဖြင့် နေ့ညမပြတ် အထူးကြပ်မတ်စစ်ဆေးခြင်းကို ယမန်နေ့ကစတင်၍ ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်နေလျက်ရှိသည်။

ကျောက်ထုမြို့ဝင်ဂိတ်များနှင့် လူစည်ကားရာနေရာများတွင် ကျန်းမာရေးစစ်ဆေးမှုနှင့် mask များ တပ်ဆင်မှုရှိ၊ မရှိ အရှိန်အဟုန်မြှင့်စစ်ဆေး

မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ကျောက်ထုမြို့ အဝင်ဂိတ်များရှိ ကိုဗစ်−၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေး စောင့်ကြပ်ကြည့်ရှုရေး ဂိတ်များနှင့် ကျောက်ထုမြို့တွင်း လူစည်ကားရာ လမ်းဆုံများတွင် ကိုယ်အပူချိန်တိုင်း၍ ကျန်းမာရေး စစ်ဆေးခြင်းနှင့် Mask များ တပ်ဆင်၍ သွားလာမှုရှိ၊မရှိ စစ်ဆေးခြင်းများကို အရှိန်အဟုန်မြှင့် စစ်ဆေးလျက်ရှိသည်။

ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ထန်းတပင် မြို့နယ် တွင် စေတနာ့ဝန်ထမ်း (Volunteer) လိုအပ်နေ

ကိုဗစ်-၁၉ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ရန်ကုန်မြောက်ပိုင်းခရိုင်၊   ထန်းတပင် မြို့နယ် အတွင်း ဆောင်ရွက်သွားနိုင်ရန်အတွက်  စေတနာ့ဝန်ထမ်း ( Volunteer) များ

တနင်္သာရီ၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးပညာပေးနှိုးဆော်ပေးခြင်းပူးပေါင်းဆောင်ရွက်

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန တနင်္သာရီ တိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်ဦးစီးမှူး ဦးကျော်ဆန်း နှင့်ဝန်ထမ်းများသည် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသန်းထိုက်စိုး၊ ချောင်းကြီးရပ်ကွက်နှင့် ချောင်းငယ်ရပ်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ဝင်များ နှင့်ပူးပေါင်းပြီး ယမန်နေ့ ည၇နာရီခွဲအချိန်မှစ၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး နည်းလမ်းများ ဆိုင်ရာများကို အသိပညာပေးခြင်း၊ ပါးစပ် နှင့်နှာခေါင်းစည်း Maskနှင့် ပညာပေး လက်ကမ်း စာစောင်များကို (အခမဲ့) ဝေငှပေးခြင်းနှင့် ပညာပေး ပိုစတာများကပ်ထားကြော်ငြာပေးခြင်းတို့အား မိဘပြည်သူများအပါအဝင် ခရီးသွား ပြည်သူများက သတိရှိရှိ အသိရှိလိုက်နာနိုင်ရန်အတွက် အသံချဲ့စက်ဖြင့် နှိုးဆော်ပေးကြကြောင်း သိရှိရသည်။

ကျိုက်မရောမြို့နယ်ရှိ မသန်စွမ်းသူ ၄၄၃ ဦးအတွက် တစ်ဦးလျှင် ငွေကျပ်သုံးသောင်းနှုန်းဖြင့် ထောက်ပံ့ပေးအပ်

မွန်ပြည်နယ် ကျိုက်မရောမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာလအတွင်း မသန်စွမ်းသူများအား စားဝတ်နေရေး အဆင်ပြေစေရန် အတွက် တစ်ဦးလျှင် ငွေကျပ်(၃၀၀၀၀)နှုန်းဖြင့် ထောက်ပံ့ ပေးအပ်ပွဲကို ယနေ့နံနက် ၉ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန (ရွှေဟင်္သာ) ခန်းမ၌ ပြုလုပ်ခဲ့သည်။

ခရမ်းမြို့တွင် စားသောက်ဆိုင်များ ပါဆယ် စနစ်ဖြင့်သာ ရောင်းချ

ခရမ်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး စားသောက်ဆိုင်များနှင့် လက်ဘက်ရည်ဆိုင်များ ဆိုင်ထိုင်စနစ်ဖြင့် ရောင်းချခြင်းမရှိဘဲ ပါဆယ်စနစ်ဖြင့်သာ ရောင်းချလျက်ရှိကြောင်း သိရသည်။

မုဒုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် သဘာဝဘေးအန္တရာယ် အသိပညာပေးခြင်းများ ဆောင်ရွက်

ကိုဗစ်-၁၉ ရောဂါ တားဆီးကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးလုပ်ငန်း များနှင့် သဘာဝဘေး အန္တရာယ် အသိပညာပေးလုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်းက မွန်ပြည် နယ် မုဒုံမြို့နယ်ရှိ ကျုံဖိုက်ကျေးရွာ၊ ဝက်တဲ-ညောင်ကုန်းကျေးရွာနှင့် တော်ကူး-တံခွန်တိုင် ကျေး ရွာများ၌ အသိပေးနှိုးဆော် လျက်ရှိသည်။

ဖား​ဆောင်းမြို့နယ်ရဲတပ်ဖွဲ့မှ (၅၆)နှစ်​မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့​နေ့ ကြိုဆိုဂုဏ်ပြု​သောအားဖြင့် ပြည်သူ့ အကျိုးပြု လုပ်ငန်းများ​ဆောင်ရွက်

ကယားပြည်နယ်၊​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်တွင် ၂၀၂၀ပြည့်နှစ်၊​ အောက်တိုဘာလ(၁)ရက်  နေ့တွင်ကျ​ရောက်မည့် (၅၆)နှစ်​မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့​နေ့ကို ကြိုဆိုဂုဏ်ပြု​သောအားဖြင့် ယ​နေ့ နံနက်(၇)နာရီ အချိန်က မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး ​ကျော်စိုးနှင့် တပ်ဖွဲ့ဝင်များက ပြည်သူ့အကျိုးပြုလုပ်ငန်း များ​ဆောင်ရွက်ခဲ့​ကြောင်းသိရသည်။

အလုံမြို့နယ် ကိုဗစ်-၁၉ ​ရောဂါ ကာကွယ်ထိန်းချုပ်​ရေးနှင့် အ​ရေး​ပေါ်တုံ့ပြန်​ရေး​ကော်မတီသို့ ပါးစပ်၊ နှာခေါင်းစည်း(Mask) အခု ၁၀၀၀ လာ​ရောက်လှူဒါန်း

ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြိူ့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် ပါးစပ်၊ နှာ​​ခေါင်းစည်း(Mask)များကို ယနေ့ ညနေပိုင်းက အလုံမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အ​ရေး​ပေါ်တုံ့ပြန်​ရေး​ ကော်မတီသို့ လာရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။

ရေဇွာမြို့တွင် အသက်(၂)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန် ကာကွယ်ဆေး ထိုးနှံ တိုက်ကျွေးခြင်း လုပ်ငန်းဆောင်ရွက်

ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ မတူပီမြို့နယ်၊ ရေဇွာမြို့တွင် အသက်(၂)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်း လုပ်ငန်းများကို ကျေးလက် ကျန်းမာရေးဌာန ဆေးခန်းတွင် ယနေ့နံနက် ၁၀ နာရီအချိန်က စတင်ဆောင်ရွက် ခဲ့​ကြသည်။
Subscribe to