ဘောလခဲ စက်တင်ဘာ ၁၅
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှ ရပ်ကွက်/ကျေးရွာ အုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်ဆင့်ပွား သင်တန်းကို ယနေ့ နံနက်(၉)နာရီ အချိန်က အဆိုပါ ရုံးအစည်းအဝေးခန်းမ၌ ဖွင့်လှစ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးမြင့်ဦးက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ် ချက်မှာ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို လွတ်လပ်မှု၊ တရားမျှတမှု၊ ပွင့်လင်းမြင်သာမှု၊ အများယုံကြည်မှု၊ ပြည်သူ့ဆန္ဒနှင့် ရွေးကောက်ပွဲရလဒ် တစ်ထပ်တည်းကျစေမှု စသည့် စံ(၅)ချက်နှင့် အညီ ကျင်းပနိုင်ရေးအတွက် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်ပြီး ရပ်ကွက်/ကျေးရွာအုပ်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများ၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များ မဲစာရင်းကြေညာခြင်း၊ မဲကိုယ်စားလှယ်/အကူကိုယ်စားလှယ်ခန့်ထားခြင်း၊ဆန္ဒမဲလက်မှတ်များ ထုတ်ပေးခြင်း၊ ရပ်ကွက်/ ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲဝင်များ လိုက်နာရမည့် ကျင့်ဝတ်များ အကြောင်းတို့ကို ဦးတိုးအောင်နှင့်ဦးမြင့်ဦးတို့မှလည်းကောင်း၊ မဲဆန္ဒနယ်ပြင်ပရောက်နေသူများ ကြိုတင်မဲပေးခြင်း၊ မဲစာရင်းပြင်ဆင်/ဖြည့်စွက်/ပယ်ဖျက်ခြင်းအကြောင်းကို ဦးအောင်ကျော်စိုးမှ လည်းကောင်း၊ မဲပေးရန် ပြင်ဆင်ခြင်း၊ရွေးကောက်ပွဲနေ့၌ မဲရုံများကို ကြီးကြပ်ခြင်း၊ မဲရုံအတွင်းသို့ ဝင်ရောက်ခြင်း၊ ဆန္ဒမဲရေတွက်ခြင်း၊ မဲဆန္ဒနယ်အတွင်းရှိ မဲရုံသို့မလာရောက်နိုင်သူများ ကြိုတင်မဲပေး ခြင်းအကြောင်းများကိုမြို့နယ်ရွေးကောက်ပွဲအတွင်းရေးမှူး ဒေါ်ကော်ရက်တီမှလည်းကောင်း ဆွေးနွေးပို့ချပေးခဲ့ပြီး ရပ်ကွက်/ကျေးရွာ အုပ်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် စုစုပေါင်း(၅၉)ဦးရှိရာ COVID-19 ရောဂါ ကာကွယ် ထိန်းချုပ်ရေးအတွက် သင်တန်းပထမရက်တွင်(၂၉)ဦး၊ဒုတိယရက်နေ့တွင် (၃၀)ဦး ခွဲခြားပို့ချပေးလျက်ရှိကြောင်း သိရသည်။
ဖိုးရယ်