ရေဇွာ၌ နေ့စဉ်ည(၁၂)နာရီမှ နံနက် (၄)နာရီအတွင်း "ညမထွက်ရအမိန့်" ထုတ်ပြန်ကြေညာ

ချင်းပြည်နယ်၊ ရေဇွာမြို့တွင် ကိုဗစ်-၁၉ ရောဂါကူစက်ခံရမှု မရှိစေရေးနှင့် အချိန်မီ ကာကွယ် ထိန်းချုပ်နိုင်ရန် ရည်ရွယ်ပြီး ၂၀၂၀ ပြည့်နှစ်၊ ယနေ့ စက်တင်ဘာလ(၁၅)ရက်နေ့က ညမထွက်ရ ဒေသန္တရအမိန့် ထုတ်ပြန်ကြေညာခြင်းကို မတူပီမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ရုံးအမိန့်စာအမှတ် (၁၃/၂၀၂၀)ဖြင့် ထုတ်ပြန်ကြေညာခဲ့ကြောင်းသိရသည်။

တိုက်ကြီးမြို့နယ် မြို့မဈေးတွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အခြေခံစားသောက်ကုန်ဆိုင်များသာ ဖွင့်လှစ်ရောင်းချလျက်ရှိ

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် မြို့မဈေးအတွင်း ဖွင့်လှစ်ရောင်းချလျက်ရှိသော ဆိုင်ခန်းများအနက် ဆေးဆိုင်များနှင့် အခြေခံစားသောက်ကုန်ပစ္စည်း ဆိုင်များသာ ယမန်နေ့ နံနက်ပိုင်းမှစ၍ ဖွင့်လှစ် ရောင်းချလျက်ရှိကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ဖောင်းပြင်မြို့၊ မြို့မစည်ပင်သာယာဈေးတွင် ကုန်အညွှန်းအမှတ်သား ပြည့်စုံမှု မရှိ သည့် ကုန်ပစ္စည်းများ ရောင်းချခြင်း ရှိ/မရှိစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်တွင် ကုန်စုံဆိုင်များအနေဖြင့် စားသုံးသူရေးရာ ဦးစီးဌာနက ထုတ်ပြန် ထားသော စည်းကမ်းချက်များနှင့် ကိုက်ညီသည့် ကုန်ပစ္စည်းများ၊ စားသောက်ကုန်များကိုသာ ရောင်း ချစေခဲ့ရာ ယနေ့ နံနက် ၈နာရီအချိန်က မြို့နယ် စားသုံးသူရေးရာ ဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးကျော်သန်းစိန်၊ မြို့နယ်ရဲတပ်ဖွဲ့၊ ရဲအုပ်လှမျိုးနှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီမှ မြို့မဈေးတာဝန်ခံ ဦးဇော်ဝင်းလှိုင် တို့က မြို့မ စည်ပင်သာယာဈေး၌ စစ်ဆေးမှုများပြုလုပ်ခဲ့သည်။

ဗန်းမောက်မြို့၌ မြင့်မြတ်သွေးလှူရှင်များလူမှုရေးအသင်းမှ နှာခေါင်းစည်း (Mask) အခုရေ (၅၀၀၀) ကို ပြည်သူများအား အခမဲ့ဖြန့်ဝေပေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှုမှ ကာကွယ် ထိန်းချုပ်နိုင်ရေး အတွက် မဖြစ်မနေ နေအိမ်ပြင်ပသို့ ထွက်ခွာသွား လာနေကြရသည့် လမ်း သွားလမ်းလာ မိဘပြည်သူများအား နှာခေါင်းစည်း (Mask) အခုရေ (၅၀၀၀) အခမဲ့ဖြန့်ဝေပေး ခြင်းကို ယနေ့နံနက်(၆)နာရီအချိန်က ယာယီစျေးဖွင့်လှစ် ထားရှိသည့် မြို့မဘောလုံးကွင်း ဝင်းပေါက်၌ စျေးသို့ လာရောက်ကြသည့် မိဘပြည်သူများအားလည်းကောင်း၊ မြို့တော်ခန်းမရှေ့၌ လည်းကောင်း ပြုလုပ်ခဲ့ကြောင်းသိရသည်။

မင်းကင်းမြို့ Community Based Facility Quarantine Centre များတွင် ထားရှိသော စောင့်ကြည့်လူများ၏ ဆေးစစ်ဆေးချက်များ ထုတ်ပြန်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့တွင် ပြည်ပမှပြန်လာသူများ၊ Stay Home ဒေသမှပြန်လာသူများအား သက်ဆိုင်ရာ Community Based Facility Quarantin Centre များတွင်ထားရှိပြီး swabပေးပို့စစ်ဆေးခဲ့ပြီး ယမန်နေ့နံနက်ပိုင်းက ထုတ်ပြန်ခဲ့ကြောင်း သိရှိရသည်။

ကျေးသီးမြို့နယ်တွင် ရပ်ကွက်၊ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများအား ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးခြင်း သင်တန်းဖွင့်လှစ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးက ရပ်ကွက်၊ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များအား ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးခြင်းသင်တန်းကို ယနေ့နံနက် (၁၀)နာရီ က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ခန်းမ၌ ဖွင့်လှစ်ခဲ့သည်။

ကလေးမြို့တွင် ခရိုင်ရွေးကောက်ပွဲဆိုင်ရာ‌ စေ့စပ်ညှိနှိုင်းရေး ကော်မတီဝင်များ ညှိနှိုင်းအစည်းအဝေး ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး ၊ကလေးမြို့တွင် နိုင်ဝင်ဘာလ(၈)နေ့၌ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ ၊ပါတီများနှင့် ရွေးကောက်ပွဲတွင်သက်ဆိုင်သူများအကြား

တိုက်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ စောင့်ကြည့်ရေးစင်တာ ပြန်လည်ဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် ကိုဗစ်-၁၉ စောင့်ကြည့်ရေးစင်တာကို စက်တင်ဘာလ ၁၃ ရက်နေ့က ပြန်လည်ဖွင့်လှစ်လျက်ရှိကြောင်း သိရ သည်။

လေးမျက်နှာမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး သတ်မှတ်စည်းကမ်းချက်များ လိုက်နာခြင်း ရှိ/မရှိ နေ့ စဉ်စစ်‌ဆေးဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်အဆင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်‌ရေးမှူး ဦးကျော်ထွန်း ဦးဆောင်မှုဖြင့် မြို့နယ်အတွင်း သွားလာသူများ နှာခေါင်းစည်း Mask တပ်ဆင်သွားလာရန် စစ်ဆေးခြင်းများကို ယနေ့နံနက်က လေးမျက်နှာမြို့နယ်အတွင်းရှိ အဝင်/အထွက် စစ်ဆေး ရေးဂိတ်များ၌ နေ့စဉ် စစ်‌ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ခန္တီးမြို့တွင် ကိုဗစ်-၁၉ စီးပွားရေး ကုစားမှု (CERP) အစီအစဉ်ဖြင့် မိုးစပါးမျိုးစေ့စိုက်ထုတ် တောင်သူများကို ထောက်ပံ့ငွေပေးအပ်

COVID-19 Economic Relief Programme အစီစအစဉ်ဖြင့် ဆောင်ရွက်သော ၂၀၁၉-၂၀၂၀ ခုနှစ် မိုးစပါးမျိုးစေ့စိုက်ပျိုးသည့် တောင်သူများကို ယနေ့နေ့လယ်က ခန္တီးမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ထောက်ပံ့ငွေများပေးအပ်သည်။
Subscribe to