လပွတ္တာ၌ စျေးသူ/စျေးသားများနှင့် စျေးဝယ်သူများအား အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်

လပွတ္တာ   စက်တင်ဘာ  ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် စည်ပင်သာယာရေးနယ်နမိတ်အတွင်း စျေးသူ/ စျေးသားများနှင့်စျေးဝယ်သူများအား အသိပညာပေးခြင်း လုပ်ငန်းများကို ယနေ့ နံနက်  ၇ နာရီအချိန့်က နန္ဒဝန်စျေး ၊ ရေပေါ်စျေး ၊ အမှတ် (၁) ရပ်ကွက်စျေး တို့တွင် အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

အဆိုပါလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဧရာဝတီတိုင်းဒေသကြီး ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေး ကော်မတီမှ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များ နှင့်အညီ ရောင်းချစေရန်အတွက်  မြို့နယ်စည်ပင်သာရေးအဖွဲ့မှ စျေးများအတွင်း လက်ဆေး ဘေစင်များထားရှိခြင်း၊ စျေးသည်များ တစ်ဦးနှင့်တစ်ဦး အကာကွယ်ဖြစ်စေရေး၊ အကာနံရံများ ဆောင်ရွက်စေခြင်း၊ နှာခေါင်းစည်း (mask)တပ်ဆင်၍ စျေးရောင်းစေခြင်း၊ နှာခေါင်းစည်း (mask)မပါပဲ စျေးအတွင်း ဝင်ရောက်ခြင်း မပြုခြင်းတို့အား စည်ပင်သာယာရေးအဖွဲ့မှ နေ့စဉ် စစ်ဆေးကြပ်မတ် အသိပေးနှိုးဆော် လျက်ရှိသည်။

ထိုသို့ သတ်မှတ်ထားသော စည်းကမ်းချက်များအား လိုက်နာမှု အားနည်းကြောင်း စစ်ဆေး တွေ့ရှိပါသဖြင့် သတ်မှတ် ထားသော စည်းကမ်းချက်များအား တိကျစွာ လိုက်နာဆောင်ရွက်ကြရန်နှင့် လိုက်နာမှုမရှိပါက လူထူလူထပ် မဖြစ်စေရေးနှင့် စျေးများကြပ်တည်းမှုမရှိစေရေး စျေးအတွင်း စျေးရောင်းချမှုအား တစ်ဝက်နား တစ်ဝက်ရောင်းချသည့် စနစ်ဖြင့်လည်းကောင်း ပျံကျစျေးသည များအတွက် စျေးရောင်းချရန်နေရာအား သီးသန့်နေရာတစ်ခု စီစဉ်ဆောင်ရွက် သွားမည် ဖြစ်ကြောင်းကို မြို့နယ် စည်ပင်သာယာရေး ကော်မတီ အတွင်းရေးမှူး ဒေါ်လေးမြမြဦး ထံမှသိရသည်။

ဝင်းကျော်မြင့် (လပွတ္တာ ခရိုင် ပြန်/ဆက်)