တောင်ကြီးမြို့၌ နှာခေါင်းစည်း (Mask)များဖြန့်ဝေ အသိပညာပေး

ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှုန်း မြင့်မားလာသည့်အတွက် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုအား ကာကွယ်၊ ထိန်းချုပ်နိုင်စေရန် တောင်ကြီးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးမင်းထိုက်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ စေတနာ့ဝန်ထမ်းများပူးပေါင်း၍ တောင်ကြီးမြို့ လူစည်ကားသောနေရာ ဖြစ်သည့် မြို့မဈေးကြီးဝန်းကျင်တွင် ယမန်နေ့ မွန်းလွဲပိုင်း က (Mask)မတပ်သူများအား နှာခေါင်းစည်း (Mask) များဖြန့်ဝေကာ အသိပညာပေးဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

ရွှေညောင်-ကလော-သာစည်-အစုန် ၊ အဆန် မီးရထားခရီးစဉ်များ ပြေးဆွဲမှု ယာယီရပ်ဆိုင်း

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင် ၊ ကလောမြို့နယ်တွင် ရွှေညောင်-ကလော-သာစည် - အစုန် ၊ အဆန် မီးရထား ခရီးစဉ်များကို စက်တင်ဘာလ ၁၃ ရက်နေ့နံနက်ပိုင်းမှ စတင်၍ ပြေးဆွဲမှု ယာယီရပ်ဆိုင်းထားကြောင်း သိရှိရသည်။

တွန်းဇံမြို့၌ လူကုန်ကူမှုသိကောင်းစရာခေါင်းစဉ်ဖြင့် Talk Show ကျင်းပ

ချင်းပြည်နယ်၊ တွန်းဇံမြို့၌ ၂၀၂၀ ပြည့်နှစ်၊ ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ လူကုန်ကူမှု သိကောင်းစရာခေါင်းစဉ်ဖြင့် Talk Show ကျင်းပခဲ့သည်။

လောင်းလုံးမြို့နယ်တွင်၌ကိုဗစ်−၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန် ပြည်သူများအား နှာခေါင်းစည်း(Mask)တပ်ဆင်ရေးအသိပညာပေးလှုပ်ရှားမှုဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်ခရိုင်၊ လောင်းလုံးမြို့တွင်ကိုဗစ်−၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန် နှင့်ရောဂါ ကူးစက်ပြန့်ပွါးမှုမရှိစေရန် လမ်းထွက်သွားလာနေကြသူ များနှင့် စျေးရောင်းစျေးဝယ်ပြည်သူများ အားလုံး နှာခေါင်း စည်း (Mask)တပ်ဆင်ရေးအသိပညာပေးလှုပ် ရှားဆောင်ရွက်မှုကို ယနေ့ နံနက်၇နာရီ ကဆောင်ရွက်ခဲ့ ကြောင်းသိရသည်။

မေတ္တာမြို့၌စားသောက်ဆိုင်များနှင့် လက်ဘက်ရည်ဆိုင်များအားကိုဗစ်− ၁၉ ကာလအတွင်း သတ်မှတ်စည်း ကမ်းချက်များနှင့်အညီရောင်းချခြင်းရှိ/မရှိရှောင်တခင်စစ်ဆေး

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ် ခရိုင်၊မေတ္တာမြို့၌စားသောက်ဆိုင်များ နှင့်လက်ဘက်ရည် ဆိုင်များအားကိုဗစ်−၁၉ကာလအတွင်း သတ်မှတ်စည်း ကမ်းချက်များနှင့်အညီရောင်းချခြင်းရှိ/မရှိကို ယနေ့ နံနက်(၁၁)နာရီအချိန် ကရှောင်တခင်စစ်ဆေးခဲ့ကြသည်။

မေတ္တာမြို့ ၌လမ်းသွားသူပြည်သူများအားနှာခေါင်စည်း(Mask)များ တပ်ဆင်ခြင်း ရှိ/မရှိ ရှောင်တခင်စစ်ဆေး

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊မေတ္တာမြို့ တွင် ကိုဗစ်−၁၉ ရောဂါကူးစက်မှု မဖြစ်ပေါ်စေရေး ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်ဟုန် မပြတ်ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်၉နာရီက ထားဝယ်-မေတ္တာကားလမ်းတောင်သုံးလုံးကျေးရွာနှင့် ကျောက်မဲတောင် ကျေးရွာတို့တွင် ခရီးသွား ပြည်သူ များ နှင့် နေအိမ်အပြင်သို့ ထွက်ခွာသွားလာနေသော ပြည်သူများအား နှာခေါင်းစည်း (Mask)များ တပ်ဆင်ခြင်းရှိ /မရှိ ရှောင်းတခင်စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

မေတ္တာမြို့၌ကိုဗစ်−၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန် လမ်းသွားသူပြည်သူများနှာခေါင်စည်း(Mask) တပ်ဆင်ရေးအသိပညာပေးလှုပ်ရှားမှုကမ်ပိန်းဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများနှင့်မေတ္တာပန်းခင်း ပရဟိတလူငယ်အဖွဲ့တို့ပူးပေါင်း၍မြို့ပေါ်ရပ်ကွက်များနှင့်ကျေးရွာများသို့ ကိုဗစ် −၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန် နှင့်ရောဂါ ကူးစက် ပြန့်ပွားမှုမရှိစေရန် လမ်းထွက်သွား လာနေကြသူများအား နှာခေါင်းစည်း(Mask)တပ်ဆင်ရေးအသိပညာပေး ကမ်ပိန်းလှုပ်ရှားမှု တစ်ရပ်ကိုယနေ့ နံနက်ပိုင်း က ဆောင်ရွက်ခဲ့ကြသည်။

မိုးကုတ်မြို့တွင် မိုးရွာသွန်းမှုကြောင့် အုတ်တံတိုင်းပြိုကျပြီးပျက်စီးမှု အချို့ဖြစ်ပွား

မိုးကုတ်မြို့တွင်မိုးရွာသွန်းမှုကြောင့် ယမန်နေ့ နေ့လယ် ၁၁ နာရီခန့်က မိုးရွာ သွန်းပြီး ရေနီချောင်းရေ တိုက်စားမှုကြောင့် စည်ပင် သာယာ ရပ်နေ ဦးကျော်ဆန်း၏နေအိမ်အရှေ့ ပိုင်း အုတ်တံတိုင်းပြိုကျခြင်းနှင့် ခြံ၀န်းအတွင်း‌ မြေသားကွဲအက်မှုများဖြစ်ပေါ်နေကြောင်း သိရှိရသည်။

ရေစကြိုမြို့နယ်တွင် ရပ်ကွက်/ ကျေးရွာအုပ်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် များအား ရွေးကောက် ပွဲဆိုင်ရာ ပညာပေးသင်တန်းဖွင့်လှစ်ပို့ချ

ရေစကြိုမြို့နယ်တွင် မြို့နယ်ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလတွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲကြီးအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရပ်ကွက်/ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များအား ယနေ့ နံနက် ၉ နာရီအချိန်က ရေစကြိုမြို့ အခြေခံပညာ ကျောင်းများနှင့်မြို့နယ်ခန်းမတို့၌ နေရာ ၇ နေရာခွဲ၍ ရွေးကောက်ပွဲဆိုင်ရာ ပညာပေးသင်တန်းဖွင့်လှစ်ပို့ချသည်။

ချင်းရွှေဟော်မြို့မှနေရပ်ပြန်ပြည်သူ(၄)ဉီးအားသက်ဆိုင်ရာဒေသများသို့ထပ်မံလွှဲပြောင်းပို့ဆောင်

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ရှိ မြန်မာ-တရုတ်နှစ်နိုင်ငံနယ်စပ်ဂိတ်ပေါက်မှ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူများအား ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီ ဉက္ကဌ မြို့အုပ်ချုပ်ရေ:မှူး ဉီးသက်ဉီးပိုင်နှင့် ကော်မတီအဖွဲ့ဝင်များက ၎င်းတို့၏ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်များသို့ ပြန်လည်ရောက်ရှိနိုင်ရေးအတွက် စနစ်တကျ စီစဉ် လွှဲပြောင်းပို့ဆောင်ပေးလျက်ရှိရာ ယနေ့မွန်းလွဲ(၃)နာရီခွဲအချိန်က နေရပ်ပြန် ပြည်သူ(၄)ဉီးအား လားရှိုးမြို့သို့ ထပ်မံလွှဲပြောင်းပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
Subscribe to