သနပ်ပင်မြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

သနပ်ပင်  စက်တင်ဘာ ၁၅


ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင် ၂၀၂၀ပြည့်နှစ်   နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းဆွေးနွေးပွဲကို  စက်တင်ဘာ ၁၅ ရက်နေ့ နံနက် ၁၀နာရီ အချိန်တွင် သနပ်ပင်မြို့နယ် အထက တောင်ဘက်ကမ်းကျောင်း၌   အားကစားနှင့်ကျန်းမာရေးဝန်ကြီးဌာနက  ချမှတ်ထားသောစည်းကမ်းချက်များနှင့် အညီဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
   
ရှေးဦးစွာ သနပ်ပင်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးတင်မွှေးမှ မဲဆွယ်စည်းရုံးရေးကာလတွင် ပါတီများအနေဖြင့် ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်စေရေးနှင့် စေ့စပ်ညှိနှိုင်းရေးကော်မတီ ဖွဲ့စည်းရခြင်း၏ အကြောင်းကို ရှင်းလင်းပြောကြားခဲ့ပြီး    သနပ်ပင်မြို့နယ် ဥပဒေအရာရှိ ဦးသန်းဌေးအောင် မှ ရွေးကောက်ပွဲဆိုင်ရာ လုပ်ထုံး၊ လုပ်နည်းများ ဥပဒေ၊ နည်းဥပဒေများနှင့်ပတ်သက်၍  ရှင်းလင်းဆွေးနွေးခဲ့သည်။  ဆက်လက်၍ မြို့နယ်ကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဒေါ်အိသန္တာခင်မှ   မဲစာရင်းများနှင့်ပတ်သက်၍  ဆွေးနွေးရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာသော ပါတီကိုယ်စားလှယ်များမှ မိမိတို့  သိလိုသည့်အချက်အလက်များကိုမေးမြန်း ဆွေးနွေးခဲ့ရာ တာဝန်ရှိသူများအသီးသီးမှပြန်လည်ဖြေကြားဆွေးနွေးခဲ့ကြကြောင်းသိရှိရသည်။

လှမိုး(သနပ်ပင်)