ကျိုင်းတောင်း စက်တင်ဘာ ၁၇
ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့၌ ကိုဗစ်−၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးအတွက် နှာခေါင်းစီး (Mask)များ အခမဲ့ဖြန့်ဝေခြင်းကို ယမန်နေ့နံနက် ၁၀ နာရီခန့် က ကျိုင်းတောင်းမြို့ မြို့စေတနာရှင် ရွှေလူငယ်ပရဟိတအဖွဲ့များမှ ကျိုင်းတောင်းမြို့ အတွင်းရှိ လူစည်ကားရာနေရာများ၊ လူသွားလူလာများသည့် ကားလမ်းမများသို့ နှာခေါင်းစီး(Mask)များ အခဲ့မဲ့ဖြန့်ဝေ ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါ ဆောင်ရွက်ရာတွင် ကျိုင်းတောင်းမြို့ မြို့စေတနာ ရွှေလူငယ်ပရဟိတအဖွဲ့ဝင်များမှ ကျိုင်းတောင်းမြို့ အတွင်းရှိ လူစည်ကားရာနေရာများ၊ လူသွားလူလာများသည့် ကားလမ်းမများသို့ နှာခေါင်းစီး(Mask)များ အခမဲ့ဖြန့်ဝေ ဆောင်ရွက်ခြင်းကို တစ်ရက်ခြား ဖြန့်ဝေဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရွှေလူငယ်ပရဟိတ အဖွဲ့ဝင်များမှ သိရသည်။
ကျိုင်းတောင်း(ပြန်/ဆက်)