မိုင်းပျဉ်း စက်တင်ဘာ ၁၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ကျေးလက်ရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်း က မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ မူလငွေ လုံးငွေရင်း ရန်ပုံငွေဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ရန်လျာထားသည့် မောကြားကျေးရွာ၊ ဝမ်ပေါင်ကျေးရွာ၊ ကြိန်းတောင်းကျေးရွာ၊ ယမ်းဟိုင်းကျေးရွာ၊ ဝမ်မတ်ကျေးရွာ၊ ပန်မော် မိုင်(၂၀) ကျေးရွာ စသည့် ကျေးရွာ(၆)ရွာတို့တွင် စိမ့်စမ်းရေသွယ်ယူခြင်းနှင့် အုတ်ရေကန်တည်ဆောက်ခြင်း လုပ်ငန်းများ အဆင်ပြေချောမွေ့စွာဆောင်ရွက်နိုင်ရန် မြေပြင် အခြေအနေနှင့် ကိုက်ညီမှု ရှိ/မရှိ စစ်ဆေးခြင်း၊ သတ်မှတ်မြေနေရာများ စစ်ဆေးခြင်း၊ တိုင်းတာ ခြင်းတို့ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် မြေပြင်အခြေအနေအား ကွင်းဆင်းစစ်ဆေးတိုင်းတာခြင်း လုပ်ငန်းများကို မိုင်းပျဉ်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အငယ်တန်း အင်ဂျင်နီယာ-၂၊ ဦးအောင်ဇင်ဖြိုးနှင့် ဝန်ထမ်းများက ကွင်းဆင်း၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မေမွန်ထွဋ် (ပြန်/ဆက်)