ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်အတွင်း Home Quarantine နေထိုင်သူများနှင့် လိုအပ်နေသော အိမ်ထောင်စုဝင်များအား လှူဒါန်းမှုများပြုလုပ်
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်တွင် ယမန်နေ့ ညနေ ၄ နာရီခွဲအချိန်က ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်းရှိ Home Quarantine နေထိုင်သူများနှင့် လိုအပ် နေသော အိမ်ထောင်စုဝင်များအား ကြက်ဥ၊ ခေါက်ဆွဲခြောက်၊ ငါးသေတ္တာ၊ အာလူး၊ ကုလားပဲနှင့် နှာခေါင်းစည်း (mask)များ လှူ ဒါန်းခဲ့ကြကြောင်း သိရသည်။