မတူပီမြို့ မိုးလုံလေလုံ အားကစားရုံ၌ Facility Quarantine ဝင်နေသူ စောင့်ကြည့်လူနာများအား ကြည့်ရှုအားပေး

မတူပီ စက်တင်ဘာ ၁

ချင်းပြည်နယ်၊ မတူပီမြို့၌ ကိုဗစ်၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အချိန်မီကုသနိုင်ရေးအတွက် ပြည်တွင်း ပြည်ပမှ ပြန်လာသူများကို မတူပီမြို့ မိုးလုံလေလုံ အားကစားရုံ၌ Facility Quarantine ခံယူ လျက်ရှိကြရာ မန်နေ့နံနက် ၁၀ နာရီအချိန်တွင် မြို့နယ်အဆင့် ကိုဗစ်၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ကျော်နှင့် ကော်မတီဝင်များ လိုက်ပါလာလျက် မိုးလုံလေလုံ အားကစားရုံ၌ Facility Quarantine  ဝင်နေသူများအား ကြည့်ရှုအားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။

အားပေးစကား ပြောကြားရာတွင် မိမိတို့သည် ကျန်းမာရေးကို အထူးဂရုစိုက်ရန် လိုအပ်ပါကြောင်း၊ လက်ရှိ ဖြစ်ပွားနေသည့် ရောဂါသည်အင်မတန်မှ မြန်လွန်းသဖြင့် မိမိကစပြီးကာကွယ်ရမည် ဖြစ်ပါကြောင်း၊ လက်ရှိ Facility Quarantine ဝင်နေသူထက် လူဦးရေများပြားလာပါက ..က()ကျောင်း၌ ပြင်ဆင်ထားရှိ ခဲ့ကြောင်း ထည့်သွင်း ပြောကြားသည်။

ဆက်လက်ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ကျော်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက မင်းတပ်မတူပီ မြို့အဝင်ဂိတ်၊ မတူပီပလက်ဝဂိတ်များသို့ လှည့်လည် ကြည့်ရှုခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)