လှိုင်းဘွဲမြို့နယ်တွင် အသက် (၈၅) နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများပေးအပ်

လှိုင်းဘွဲ၊   စက်တင်ဘာ  ၁၇

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ ကွမ်ဘီကျေးရွာတွင် လူမှုန်ဝန်ထမ်းဦးစီးဌာမှ ထောက်ပံ့ပေးသည့် ၂၀၁၉- ၂၀၂၀ ဘဏ္ဍာနှစ် စတုတ္ထသုံးလပတ်အတွင်း အသက် (၈၅) နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါထောက်ပံ့ငွေများပေးအပ်ခြင်းကို လှိုင်းဘွဲမြို့နယ်၊ ကွမ်ဘီကျေးရွာရှိ အသက် (၈၅) နှစ်အထက် အဘိုး (၆) ဦးနှင့် အဘွား (၁၈)ဦးတို့ကို တစ်လလျှင် (၁၀၀၀၀)ကျပ်နှုန်းဖြင့် ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာလ စတုတ္ထသုံးလပတ်အတွက် တစ်ဦးလျှင် ထောက်ပံ့ငွေ(၃၀၀၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၇၂၀၀၀၀) ကျပ်ကို ကွမ်ဘီကျေးရွာ အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများက သက်ကြီးဘိုးဘွားများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)