လွိုင်လင် စက်တင်ဘာ ၁၇
လွိုင်လင်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး၊ ကူးစက်ပြန့်နှံမှုမရှိစေရေးအတွက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းမြထွေး၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးရဲလှိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးမြတ်ခန့်အေးနှင့် ဝန်ထမ်းများက ယနေ့နံနက် (၈)နာရီ က မြို့မဈေးကြီးနှင့် ယာယီဖွင့်လှစ်ထားသော ပျံကျဈေးများတွင် ဈေးရောင်း/ ဈေးဝယ်များအား နှာခေါင်းစည်း Masks များ အခမဲ့ဖြန်ဝေ ပေးခဲ့သည်။ ထို့အပြင် လူစည်ကားရာ လမ်းဆုံများတွင် ပြည်သူများကိုလည်း အပြင်ထွက်တိုင်း မဖြစ်မနေ နှာခေါင်းစည်း Masks တပ်ကြရန် ပညာပေးခြင်း၊ နှာခေါင်းစည်း Masks များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ပြည်သူများအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်များ၊ စည်းမျဉ်း၊ စည်းကမ်းများကို လိုက်နာမှု အားနည်းခြင်းကြောင့် အရပ်ဖက်အဖွဲ့အစည်းများ၊ လူမှုရေးအသင်း အဖွဲ့များနှင့် ဌာနဆိုင်ရာများမှ မကြာခဏ နှာခေါင်းစည်း Masks များကို အခမဲ့ဖြန့်ဝေပေးနေခြင်း ဖြစ်ကြောင်း၊ မိမိတို့မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး၊ ကူးစက်ပြန့်နှံမှု မရှိစေရေးအတွက် ပြည်သူတစ်ဦးတစ်ယောက်ချင်းမှအစ ပူးပေါင်းပါဝင်ကြရန်လိုအပ်ကြောင်း၊ သို့မှသာလျှင် ကိုဗစ် -၁၉ ကပ်ရောဂါကို ကူးစက်ပြန့်နှံ့မှုမရှိအောင် ကာကွယ်ထိန်းချုပ် နိုင်မည်ဖြစ်ကြောင်းနှင့် ယနေ့နှာခေါင်းစည်း Masks များ အခမဲ့ဖြန့်ဝေပေးခဲ့မှုမှာ နှစ်ထောင်ကျော် ဖြစ်ကြောင်း၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ အဖွဲ့ဝင် တစ်ဦးက ပြောကြားသည်။
မိုးလွင်ဦး(လွိုင်လင်)