ကသာမြို့၊ မင်းပြည်သူ ဘိုးဘွားရိပ်သာရှိ သက်ကြီးဘိုးဘွားများအား ထောက်ပံ့ငွေများ ပေးအပ်

ကသာ   စက်တင်ဘာ ၁၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ကသာမြို့၊ မင်းပြည်သူ ဘိုးဘွား ရိပ်သာရှိ သက်ကြီးဘိုးဘွားများအား ယမန်နေ့ မွန်းလွဲပိုင်းက ထောက်ပံ့ငွေများ သွားရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ သွားရောက်ပေးအပ်ရာတွင် ကသာခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများက ကသာမြို့၊ မင်းပြည်သူဘိုးဘွားရိပ်သာရှိ အသက်(၆၅)နှစ်အထက် သက်ကြီးဘိုးဘွား (၂၀) ဦးတို့အား ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်အတွက် သက်ကြီးဘိုးဘွား တစ်ဦးလျှင် ငွေကျပ်(၁၅၀၀၀)နှုန်းဖြင့် စုစုပေါင်းထောက်ပံ့ငွေကျပ် သုံးသိန်း တို့ကို တာဝန်ရှိသူများအား ပေးအပ်ခဲ့ကြောင်း၊ ကသာခရိုင်လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် ခရိုင်အတွင်းရှိ ကောလင်း၊ ပင်လည်ဘူးနှင့် ထီးချိုင့်မြို့နယ်များမှ သက်ကြီးဘိုးဘွားများကိုလည်း ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်အတွက် ထောက်ပံ့ငွေများ ဆက်လက် ပေးအပ် လျက်ရှိကြောင်း သိရသည်။

ရဲအောင်(ပြန်/ဆက်)