ဂန့်ဂေါ စက်တင်ဘာ ၁၇
၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် လူမှုဝန်ထမ်းဦးစီးဌာနခွင့်ပြုရန်ပုံငွေဖြင့် တည်ဆောက်လျက် ရှိသော ဂန့်ဂေါခရိုင် လူမှုဝန်ထမ်းရုံးနှင့် ဂန့်ဂေါမြို့မူလတန်း ကြိုကျောင်း တည်ဆောက်ရေး လုပ်ငန်းမှာ ယခုအခါ ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်ကြောင်း Yaw Brothers Co.,Ltd တာဝန်ခံ မန်နေဂျာ ဦးစည်သူအောင် ထံမှ သိရသည်။
တည်ဆောက်လျက်ရှိသော ဂန့်ဂေါခရိုင်လူမှုဝန်ထမ်းရုံးမှာ (၆၀x ၃၀x ၁၂)ပေ RCC(၂)ထပ်၊ မီးဖိုဆောင် (၂၀ x၁၅ x၁၂)ပေ RCC(၁)ထပ်နှင့် ဂန့်ဂေါမြို့ မူလတန်းကြိုကျောင်းမှာ(၉၀x ၃၀x ၁၂)ပေ RCC(၁)ထပ် အဆောက်အအုံများဖြစ်ကာ လူမှုဝန်ထမ်းဦးစီးဌာန ခွင့်ပြုရန်ပုံငွေ (၁၈၃.၉၄၁)သန်းဖြင့် Yaw Brothers Co.,Ltd မှ တာဝန်ယူ၍ ၂၀၂၀ ပြည့်နှစ် မတ်လ ၁၀ ရက်နေ့မှ စတင် တည်ဆောက်နေခြင်းဖြစ်ပြီး ယခုအခါ ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ တည်ဆောက်လျက်ရှိသော ဂန့်ဂေါခရိုင်လူမှုဝန်ထမ်းရုံးနှင့် မူလတန်းကြိုကျောင်း ပြီးစီးမှုအခြေအနေအား ယမန်နေ့ နံနက်ပိုင်းက မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမောင်မောင်အေးနှင့် တာဝန်ရှိသူ များက လာရောက်ကြည့်ရှုစစ်ဆေးသွားကြောင်း သိရသည်။
ထင်အောင်နိုင်(ဂန့်ဂေါ)