ရန်ကုန် စက်တင်ဘာ ၁၇
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်း၌ ပြည်သူများ စားဝတ်နေရေး ပြေလည်စေရန် ရည်ရွယ်၍ နိုင်ငံတော်အစိုးရမှ (တတိယအကြိမ်) အဖြစ် ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစားများအတွက် အိမ်ထောင်စု တစ်စုလျှင် ထောက်ပံ့ငွေ ကျပ် နှစ်သောင်း ထောက်ပံ့ခြင်းကို ယနေ့ နံနက်ပိုင်းက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ပြုလုပ်ခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူးက သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူးများထံ လွှဲပြောင်း ပေးအပ်ခဲ့ကြသည်။
ထိုသို့ ထောက်ပံ့ရာတွင် မြို့နယ်အတွင်းရှိ ရပ်ကွက် (၉)ရပ်ကွက် အတွင်း ပုံမှန်ဝင်ငွေမရှိသည့် အခြေခံ လူတန်းစားအိမ်ထောင်စု (၁၀၆)စု အတွက် တစ်အိမ်ထောင်လျှင် ငွေကျပ် (နှစ်သောင်း) နှုန်းဖြင့် စုစုပေါင်းထောက်ပံ့ငွေ (၂,၁၂၀,၀၀၀) ကျပ်အား မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထူးကျော်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများထံ လွှဲပြောင်းပေးအပ်ခဲ့ပြီး နောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ သက်ဆိုင်ရာ ရပ်ကွက်များအလိုက် ထောက်ပံ့မှုစာရင်းတွင် ပါဝင်သော ပြည်သူများလက်ဝယ်အရောက် ဆက်လက် ထောက်ပံ့ပေးအပ်သွားမည် ဖြစ်ကြောင်း သိရှိရသည်။
ရွှေနန်းမေ