သံတောင်ကြီးမြို့တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် အသံချဲစက်များဖြင့် လိုက်လံအသိပေးနှိုးဆော်

သံတောင်ကြီး၊ စက်တင်ဘာ ၁၇

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊  သံတောင်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားမှုမရှိစေရန်နှင့် ပြည်သူများမှ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များ၊ ထုတ်ပြန်ထားသည့် ဒေသန္တရအမိန့်၊ ညွှန်ကြားချက်များကိုသိရှိလိုက်နာစေရန်အတွက် အသံချဲ့စက်များဖြင့် သံတောင်ကြီးမြို့တွင် ညစဉ်လိုက်လံအသိပေးနှိုးဆောပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရန်တွင်  နေအိမ်ပြင်ပသွားလာသူများ နှာခေါင်းစည်းတပ်ဆင်ရန်၊  စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များအနေဖြင့် ပါဆယ်စနစ်ဖြင့်သာရောင်းချကြရန်၊ မိမိအရပ်ဒေသမှပြန်လည်ဝင်ရောက် လာသူများ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးထံ ချက်ချင်းအသိပေးအကြောင်း ကြားရန်၊ ကိုဗစ်- ၁၉ ရောဂါအဖြစ်များသည့်အရပ်ဒေသမှ ပြန်လာသူများ Quarantine Centre တွင်သာထားရှိရန်၊ ည(၁၂)နာရီမှ မနက် (၄) နာရီအတွင်း ခရီးသွားလာခြင်းမပြုရန် စသည်တို့နှင့်  ထုတ်ပြန်ထားသည့်အမိန့်၊  ညွှန်ကြားချက်များအားလိုက်နာရန်ပျက်ကွက်ပါက တည်ဆဲဥပဒေ၊ နည်းဥပဒေများဖြင့် အရေးယူဆောင်ရွက်သွားမည်ဖြစ် ကြောင်း   လိုက်လံအသိပေးနှိုးဆော်ခဲ့သည်။
အဆိုပါအသံချဲ့စက်များဖြင့်  လိုက်လံအသိပေးနှိုးဆော်ခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်