ထန်းတပင်မြို့နယ်၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအတွက် ထောက်ပံ့ငွေများ ပေးအပ်

ထန်းတပင်(ရန်ကုန်) စက်တင်ဘာ ၁၇


ကိုဗစ်-၁၉ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်း နိုင်ငံတော်အစိုးရမှထောက်ပံ့ပေးသည့် ထောက်ပံ့ ငွေများအား ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစားအိမ်ထောင်စုများထံသို့ လက်ဝယ်အရောက်ပေးအပ်နိုင်ရေးတို့အတွက် ထောက်ပံ့ငွေများ ပေးအပ်ခြင်းနှင့် ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် ပတ်သက်သည့် အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်သွားနိုင်ရန် Hand Speaker များ ပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ(၃)နာရီခွဲက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင်ကျင်းပပြုလုပ်ခဲ့ကြသည်။
ထောက်ပံ့ငွေများပေးအပ်ရာတွင်  မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဇော်လင်းနှင့် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးရဲလင်းနိုင်တို့က မြို့နယ်အတွင်း ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စု(၂၅,၂၇၆)စုတို့ အတွက် အိမ်ထောင်စုတစ်စုလျှင် ထောက်ပံ့ငွေကျပ်(၂ဝ,ဝဝဝ)နှုန်းဖြင့် ငွေကျပ်စုစုပေါင်း (၅ဝ၅,၅၂ဝ,ဝဝဝ) ကို ရပ်ကွက်၊ ကျေးရွာအုပ်စု(၅၉)အုပ်စုတို့မှ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူး များနှင့် ရပ်/ကျေးစာရေးများထံသို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြပြီး ရပ်ကွက်၊ ကျေးရွာများတွင် ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့်ပတ်သက်သည့် အသိပညာပေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက် နိုင်ရေးတို့အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပေးအပ်သည့်  Hand Speaker များကို ရပ်ကွက်၊ ကျေးရွာအုပ်စု တစ်စုလျှင်(၁)ခုနှုန်းဖြင့်(၅၉)ခုကိုပေးအပ်ခဲ့ကြောင်းသိရသည်။
ထန်းတပင်မြို့နယ်အတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား ပြီးခဲ့သည့် ဧပြီလပိုင်းမှစတင်၍ အခြေခံစားသောက်ကုန်ငါးမျိုးကို ပထမအကြိမ်အဖြစ် အိမ်ထောင်စု (၁၄,၂၂၇)စု၊  ဒုတိယအကြိမ်မြောက်တွင် အကြောင်းအမျိုးမျိုးကြောင့် ကျန်ရှိခဲ့သည့် အိမ်ထောင်စု (၁၁,၀၄၉)စုအတွက် ငွေကျပ်သိန်း (၁၆၅,၇၃၅,၀၀၀)၊ တတိယအကြိမ်မြောက်တွင် အိမ်ထောင်စု (၂၅,၂၇၆) စုတို့အတွက် ငွေကျပ်သိန်း (၅ဝ၅,၅၂ဝ,ဝဝဝ)၊ စတုတ္တအကြိမ်မြောက်တွင် အိမ်ထောင်စု (၂၅,၂၇၆)စုတို့ အတွက် ငွေကျပ်သိန်း (၅ဝ၅,၅၂ဝ,ဝဝဝ)နှင့် ယခု ပဉ္စမအကြိမ်မြောက်တွင် အိမ်ထောင်စု (၂၅,၂၇၆) စုတို့ အတွက် စုစုပေါင်း ငွေကျပ်သိန်း (၅ဝ၅,၅၂ဝ,ဝဝဝ)ကိုလည်းကောင်း ထောက်ပံ့ငွေများ ပေးအပ်လျက်ရှိ ကြောင်းသိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)