ရွှေပြည်သာမြို့နယ်၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စု (၅၂၄၆၇)စုအတွက် ပဉ္စမအကြိမ် ထောက်ပံ့ငွေများပေးအပ်

ရွှေပြည်သာ စက်တင်ဘာ ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်း စား တစ်အိမ်ထောင်စုလျှင် ငွေကျပ်(၂၀၀၀၀)နှုန်းဖြင့် နိုင်ငံတော်အစိုးရမှ ထောက်ပံ့ပေးအပ်သည့် အခမ်းအနားကို ယမန်နေ့ နေ့လယ် (၃)နာရီအချိန်တွင် ရွှေပြည်သာ မြို့နယ်သာသနာ့ ဗိမာန်တော်ကြီး၌ ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်မင်း မြို့နယ်အုပ်ချုပ်ရေး မှူး ဦးမိုးကျော်အောင်နှင့် မြို့နယ်စီမံခန့်မှုကော်မတီဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး များ တက်ရောက်ခဲ့ပြီး ထောက်ပံ့ကြေးငွေများအား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်        ဦးရန်အောင်မင်းနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့မှ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး များထံ ပေးအပ်ခဲ့ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများထံ ထောက်ပံ့ငွေများ ဆက် လက်ပေးအပ် သွားမည်ဖြစ်ကြောင်း သိရသည်။

ရွှေပြည်သာတွင် အိမ်ထောင်စု (၅၂၄၆၇)အတွက် တစ်အိမ်ထောင်စုလျှင် ကျပ်(၂၀၀၀၀)နှုန်းဖြင့် စုစု ပေါင်းငွေကျပ်(၁၀၄၉၃၄၀၀၀၀) ပေးအပ်ခဲ့ကြောင်း သိရသည်။

နေမျိုးထွန်း(ရွှေပြည်သာ)