ဘောလခဲ စက်တင်ဘာ ၁၇
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေ မရှိသော အိမ်ထောင်စုများအား ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသည့်ကာလအတွင်း တတိယအကြိမ် ထောက်ပံ့ငွေပေးအပ် ခြင်းကို ယနေ့နံနက်(၉)နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ခရိုင်အပ်ချုပ်ရေးမှူး ဦးသိန်းအောင်က အမှာစကားပြော ကြားရာတွင် ပြည်ထောင်စုအစိုးရ အနေဖြင့် ကိုဗစ်-၁၉ ရောဂါကာလတွင် စားဝတ်နေရေးခက်ခဲနေသော အခြေခံလူတန်းစားများကို တတိယအကြိမ် ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း၊ ကယား ပြည်နယ်အစိုးရအဖွဲ့ ခေတ္တဝန်ကြီးချုပ်ကလည်း ညွန်ကြားရာမှာ မိမိတို့ ရပ်ကွက်ကျေးရွာတွင် အမှန်တကယ် နေထိုင်သော ပြည်သူလူထုလက်ထဲ ရောက်ရှိအောင် ပေးအပ်ဖို့ မှာကြားထားပါကြောင်း၊ တစ်အိမ်(၂၀၀၀၀)ကျပ်နှုန်း ပေးအပ်ရာတွင် သက်ဆိုင်ရာ ရပ်ကျေးအုပ်ချုပ်ရေးမှူး များအနေဖြင့်မိမိတို့လက်ထဲတွင်ကြန့်ကြာမှုမရှိစေဘဲပြည်သူလူထုမှသံသယကင်းကင်းဖြင့်အမြင်ကြင်လင်အောင်ဆောင်ရွက်သွားရန်နှင့်ပေးသင့်ပေးထိုက်သူများကို သေချာစိစစ်ပြီး ပေးအပ်ကြရန် ပြောကြားခဲ့သည်။
ဆက်လက်ပြီး ခရိုင်အုပ်ချုပ်ရေးမှူး ၊ ခရိုင်ရဲမှူးကြီးနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူးများထံ အိမ်ထောင်စုပေါင်း (၅၇၀)စုအတွက် တစ်ရာတစ်ဆယ့် လေးသိန်းကို ပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့နောက် သဘာဝဘေးဒဏ်ကြောင့် နှမ်းသီးနှံပျက်စီးသွားသည့် နှမ်းစိုက် တောင်သူ(၁၇)ဦး(၅.၉၂)ဧက အတွက် ပြည်နယ်အစိုးရ၏ သဘာဝဘေး အန္တရာယ်ရန်ပုံငွေဖြင့်ထောက်ပံ့ငွေပေးအပ်ရာတွင် (၁)ဧကကို ကျပ် လေးသောင်း နှုန်းဖြင့် ခရိုင် အုပ်ချုပ်ရေးမှူး နှင့် တာဝန်ရှိသူများက ပေးအပ်ခဲ့ကြောင်း သိရသည်။
ဖိုးရယ်