မိုးညိုမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ငါးမွေးတောင်သူများအား ငါးသားပေါက်များ ထောက်ပံ့ လွှဲပြောင်းပေးအပ်

မိုးညို  စက်တင်ဘာ   ၁၇

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ မြို့နယ်အတွင်း ငါးမွေးတောင်သူများအား ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ် (CERP)တွင် ပါဝင်သော Action Plan အရ ငါးသားပေါက်များ ထောက်ပံ့လွှဲပြောင်း ပေးအပ်ခြင်း(တတိယအကြိမ်)ကို ယမန်နေ့နံနက် ၁၀ နာရီခွဲအချိန်က မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနရုံးရှေ့တွင် ပြုလုပ်ခဲ့သည်။

ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ အလွန် ငါးမွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍ ပြန်လည်ဦးမော့လာစေရေးအတွက် နိုင်ငံတော်အစိုးရမှ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်အရ ငါးမွေးတောင်သူများအား ငါးသားပေါက်များ ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီး ဌာနမှ သိရသည်။

အဆိုပါ ငါးသားပေါက်များ ထောက်ပံ့လွှဲပြောင်း ပေးအပ်ရာတွင် မြို့နယ်ငါးလုပ်ငန်း ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးထွန်းထွန်းဦးနှင့် ဝန်ထမ်းများက ငါးမွေးတောင်သူ()ဦး၊ ငါးမွေးကန် (၁၃၄.၂၂)ဧကအတွက် ငါးမြစ်ချင်းကောင်ရေ(၅၆၅၀၆)တို့အား ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန က ထုတ်ပြန်ထားသည့် COVID-19 ရောဂါကူးစက်ပြန့်ပွားမှု ကြိုတင်ကာကွယ်ရေးနှင့်အညီ ထောက်ပံ့လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

ကိုမင်း(မိုးညို)