ရေဖြူ စက်တင်ဘာ ၁၈
ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် ရုံးဝန်ထမ်းများအချင်းချင်း ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်ရှိ ဌာနဆိုင်ရာ ရုံးများ၏ ရုံးအဝင်ပေါက်များ၌ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကိုယ် အပူချိန် တိုင်းတာစစ်ဆေးခြင်း ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
အဆိုပါနိုင်ငံ့ဝန်ထမ်းများ အနေဖြင့်ရုံးဖွင့်ရက်များတွင် ရုံးလုပ်ငန်းများဆောင်ရွက်နိုင်ရန် အတွက် ရုံးရှေ့ အဝင်ပေါက်များ၌ ကိုယ်အပူချိန်တိုင်းတာ စစ်ဆေးဆောင်ရွက်ခြင်း၊ လက်ဆေး ခြင်းနှင့် နှာခေါင်းစည်းများ တပ်ဆင်အသုံးပြုစေခြင်း ကျန်းမာ ရေးညွှန်ကြား ချက်များနှင့် အညီဆောင်ရွက် လျက်ရှိသည်။
ရေဖြူမြို့နယ်ရှိ ဌာနဆိုင်ရာရုံးများတွင်ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေး အတွက် ရုံးဌာနများလိုက်နာရန် လမ်းညွှန်ချက်အတိုင်း ရုံးတွင်းရုံးပြင် စာပေးစာယူလုပ်ငန်း တာဝန် ယူဆောင်ရွက် သည့်ဝန်ထမ်းများကိုလည်း ပါးစပ်နှင့်နှာခေါင်းစည်း၊ မျက်နှာကာ နှင့်လက်အိတ်တို့ကို စနစ်တကျ ဝတ်ဆင် အသုံးပြု စေခြင်း ဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။
ဖြူဖြူရှိန်(ရေဖြူ ပြန်/ဆက်)