ချင်းရွှေဟော် စက်တင်ဘာ ၁၈
တရုတ်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူများသည် ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ် ဂိတ်ပေါက်မှ နေ့စဉ်ဝင်ရောက်လျက်ရှိရာ စက်တင်ဘာလ ၁၆ ရက်နေ့၊ ညနေ(၆)နာရီ အချိန်က(၁၉)ဉီး နှင့် ယမန်နေ့ ညနေ (၅)နာရီခွဲ အချိန်က(၆၀)ဉီး စုစုပေါင်း နေရပ်ပြန်ပြည်သူ(၇၉)ဉီး ထပ်မံဝင်ရောက်လာခဲ့ကြောင်း သိရသည်။
အဆိုပါ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူ(၇၉)ဉီးတို့မှာ အမျိုးသား(၄၇)ဉီး၊ အမျိုးသမီး(၃၂)ဉီးတို့ဖြစ်ပြီး မန္တလေးတိုင်း ဒေသကြီး၊ ဝမ်းတွင်းမြို့နယ်မှ(၁)ဉီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်မှ (၂)ဦး၊ ပဲခူးတိုင်း ဒေသကြီး၊ လက်ပံတန်း မြို့နယ်မှ(၂)ဉီး၊ ဒိုက်ဉီးမြို့နယ်မှ(၁)ဉီး၊ မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် မှ(၂)ဉီး၊ ဂန့်ဂေါမြို့နယ်မှ(၁၉)ဉီး၊ မင်းလှ မြို့နယ်မှ(၃)ဉီး၊ ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်မှ(၁၂)ဉီး၊ မြစ်ကြီးနား မြို့နယ်မှ(၂)ဉီး၊ ရခိုင်ပြည်နယ်၊ မြောက်ဉီး မြို့နယ် မှ(၂)ဉီး၊ နေပြည်တော်၊ လယ်ဝေးမြို့နယ်မှ(၁၄)ဉီး ၊ ရှမ်းပြည်နယ် တောင်ပိုင်း၊ မိုင်းရှူးမြို့နယ်မှ(၂)ဉီး နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းအတွင်းရှိမြို့နယ်များမှ(၁၇)ဉီး တို့ ဖြစ်ကြောင်း သိရသည်။
ထိုသို့ ချင်းရွှေဟော်နယ်စပ်ဂိတ်မှ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူများအား ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီမှ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်များသို့ စနစ်တကျ စီစဉ်လွှဲပြောင်း ပို့ဆောင်ပေးလျက်ရှိရာ ဧပြီလ ၃၀ ရက်နေ့မှ ယနေ့အထိ အမျိုးသား (၈၄၂၈)ဉီး နှင့် အမျိုးသမီး (၆၇၈၂)ဉီးတို့ဖြစ်ပြီး စုစုပေါင်း နေရပ်ပြန်ပြည်သူ (၁၅၂၁၀)ဉီးတို့ကို လွှဲပြောင်း ပို့ဆောင်ပေးခဲ့ ကြောင်း သိရသည်။
ဇင်ဇင်(ပြန်/ဆက်)