ရမည်းသင်း စက်တင်ဘာ ၁၇
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့ နည်းပညာတက္ကသိုလ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး Quarantineစင်တာ ဝင်ရောက်နေသူများအတွက် အလှူငွေ၊ ဆန်၊ ဆီ၊ ကြက်ဥ၊ ခေါက်ဆွဲခြောက်ထုတ်နှင့် Markများ ထောက်ပံ့လှူဒါန်းခြင်းကို ယနေ့နံနက် (၁၀)နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်သည်။
အဆိုပါလှူဒါန်းပွဲတွင် ဆပ်ပြာချောင်ဆရာတော်ဦးဆန္ဒနှင့် ကမ္မကျေးရွာ ဦးကျော်သန်း+ ဒေါ်လှ မိသားစု ဆန်(၅)အိတ်၊ ကြက်ဥ(၁၀၀)လုံး၊ ဆီ ငါးပိဿာတစ်ပုံးနှင့် Mask(၂၅၀)ခု၊ ဟာဂျီခင်မောင်ဆန်း နှင့် မောင်နှမများ မွန်းစတားမိသားစု အလှူငွေ ကျပ်တစ်သိန်းနှင့် Mask(၁၀၀၀)ခု၊ ကိုမြင့်ဇော်+ မအိအိချော မြရတနာစက်နှင့် စက်အပိုပစ္စည်းအရောင်းဆိုင် အလှူငွေကျပ် သုံးသိန်း၊ ကသဲကွင်းမိုင်းနင်းကုမ္ပဏီမိသားစု ကျပ်တစ်သိန်း၊ ကိုမောင်မောင်+ဒေါ်သန်းနု သမီးမစောဝတီထွန်း ရွှေမြင်းမိသားစု ကျပ်တစ်သိန်း၊ မြန်မာ့ခေတ်ဆောက်လုပ်ရေး ကုမ္ပဏီကျပ်တစ်သိန်း၊ မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီက မြို့နယ် အတွင်း Maskမတတ်ဘဲ သွားလာသူများထံမှ ဒဏ်ကြေးငွေ ကျပ်လေးသိန်းသုံးသောင်း တို့ကိုထောက်ပံ့ လှူဒါန်းရာတာဝန်ရှိသူများက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်းသိရသည်။
ဇော်ဝင်းအောင်