ကောလင်း စက်တင်ဘာ ၁၇
စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းခရိုင် ကောလင်းမြို့နယ်တွင် စက်တင်ဘာ ၁၄ ရက်နေ့မှ ယနေ့ထိ မိုးသည်းထန်စွာရွာသွန်းခဲ့ရာ မိုးရေချိန် ၁၅.၈ လက်မရှိခဲ့ပြီး ကျေးရွာအုပ်စုအချို့၌တွင် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့သည်။
ကောလင်းမြို့နယ် ဆင်ကုန်းအုပ်စုရှိ ဆင်ကုန်းရွာနှင့် ကျွန်းပင်သာရွာ၊ မင်းကုန်းအုပ်စုရှိ မင်းကုန်းရွာ၊ ခံသာရွာ များတွင်ရေဝင်ရောက်ခဲ့သည်။ ထို့ပြင် ၎င်းအုပ်စုများနှင့် ဝါးသီကုန်းအုပ်စု၊ စွယ်ရအုပ်စုများရှိ စိုက်ပျိုးထားရှိသော လယ်များရေနစ်မြုပ်လျက်ရှိပြီး ၎င်းကျေးရွာများရှိ ပြည်သူများ သွားလာမှုအဆင်ပြေစေရေးအတွက် ကောလင်းမြို့နယ်ရှိ မြန်မာနိုင်ငံမီးသတ် တပ်ဖွဲ့ဝင်များ ဒေသခံပြည်သူများပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ကိုကိုမောင်