ဝေါမြို့၌ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲလုပ်ငန်းလမ်းညွှန် သင်တန်းဖွင့်လှစ်

ဝေါ စက်တင်ဘာ ၁၇

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၌ ၂၀၂၀ခုနှစ် ရွေးကောက်ပွဲဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ လုပ်ငန်းလမ်းညွှန်သင်တန်းကို ဝေါအ.ထ.ကကျောင်း ရွှေသဇင်ဆောင်တွင် အဖွဲ့(၄)ဖွဲ့ခွဲကာ ယ‌နေ့(၉)နာရီအချိန်က မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရန်အတွက် ရပ်/ကျေး ကော်မရှင်အတွင်းရေးမှူးများအား (၁၇-၉-၂၀၂၀) ရက်နေ့မှ (၁၈-၉-၂၀၂၀)ရက်နေ့အထိ ရွေးကောက်ပွဲဆိုင်ရာ ဆင့်ပွားသင်တန်းဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။

အခမ်းအနားတွင် ဝေါမြို့နယ်ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးစိုးလှိုင် က နှုတ်ဆက်အမှာစကား ပြောကြားပြီးအတွင်းရေးမှူး‌ ဒေါ်ထိုက်ထိုက်လွင်နှင့်‌ ကော်မရှင်အဖွဲ့ဝင်များက ရွေးကောက်ပွဲဆိုင်ရာ ထုတ်ဝေထားသည့် လုပ်ငန်းဥပဒေ၊ နည်းဥပဒေဘာသာရပ် များအား ရပ်/ကျေးရွာကော်မရှင် ဥက္ကဋ္ဌ နှင့် အတွင်းရေးမှူးများအား တိုင်းဒေသကြီး(၁)အတွင်းရှိ တာဝန်ရှိသူများအားလည်းကောင်း၊ (၁၇-၉-၂၀၂၀)ရက်နေ့နှင့် တိုင်းဒေသကြီး(၂)အတွင်းရှိ တာဝန်ရှိသူများအား (၁၈-၉-၂၀၂၀) အသီးသီး သင်တန်းပို့ချပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ဝေါမြို့နယ်တွင် ရပ်/ကျေးကော်မရှင် ရပ်ကွက်(၆)ရပ်ကွက်ကျေးရွာအုပ်စု  (၅၈)အုပ်စု၌ မဲရုံပေါင်း (၁၁၅) ရုံ ထားရှိမည်ဖြစ်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ မိမိ၏ အမည်စာရင်းများ မှားယွင်းမှု ရှိနေပါက မိမိအမည်မပါကပုံစံ(၃)၊ ပုံစံ(၃-က)ဖြင့် ဖြည့်စွက်တောင်းဆိုရမည်ဖြစ်ကြောင်း၊ ကန့်ကွက်ရန်နှင့် ပြင်ဆင်ဖြည့်စွက်ရန်များ အားပုံစံ(၄)၊ ပုံစံ(၄-ဂ)တို့ဖြင့် သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် မဲဆန္ဒရှင်အမည်စာရင်းများကို စက်တင်ဘာလ အတွင်း ဒုတိယအကြိမ် ကြေညာပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်မြတ်လင်း (ပြန်/ဆက်)