မြောက်ဥက္ကလာပမြိုနယ်တွင် နိုင်ငံတော်မှ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်စား အိမ်ထောင်စုများ အတွက် တတိယအကြိမ် မြောက် ငွေကြေးထောက်ပံ့

မြောက်ဥက္ကလာပ စက်တင်ဘာ ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်း ချုပ်ရေးကာလအတွင်း နိုင်ငံတော်မှ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် တတိယအကြိမ်မြောက် ပေးအပ်သော ထောက်ပံ့ငွေ များကို ယမန်နေ့ နံနက်ပိုင်းက သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့များက ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ပေးအပ်ရာတွင် မြို့နယ်ရှိ ရပ်ကွက်(၁၉)ရပ်ကွက်အတွင်း ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် တစ်အိမ်ထောင်လျှင် ငွေကျပ် (၂၀၀၀၀)နှုန်းဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများက ရပ်ကွက်အုပ်ချုပ်ရေး မှူးများထံ လွှဲပြောင်းပေးအပ်ခဲ့ပြီးနောက် ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့များက ရပ်ကွက်များအတွင်း ထောက်ပံ့မှုစာရင်း၌ ပါဝင်သော ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

နိုင်ငံတော်အစိုးရမှ ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း အခြေခံလူတန်းစားများအား တတိယအကြိမ်အဖြစ် အိမ်ထာင်စုတစ်စုလျှင် ငွေကျပ် (၂၀၀၀၀)ကျပ်နှုန်းဖြင့် မြောက်ဥက္ကလာပမြို့နယ်အတွင်း အိမ်ထောင်စု (၃၈၁၁၅)အတွက် ငွေကျပ်(၇၆၂၃၀၀၀၀၀) ကျပ်ကို ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

မြမြဝင်း (ပြန်/ဆက်)