မြောက်ဥက္ကလာပမြို့နယ်တွင် မသန်စွမ်းသူ (၃၄၅ )ဦးအတွက် ထောက်ပံ့ငွေများပေးအပ်

မြောက်ဥက္ကလာပ စက်တင်ဘာ ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်အတွင်း ရပ်ကွက် (၁၉) ရပ်ကွက် ရှိ မသန်စွမ်းသူများ အတွက် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းတွင် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးတင့်ဇော်က ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ပေးအပ်ရာတွင် ရပ်ကွက်(၁၉)ရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့များက ထောက်ပံ့ငွေ ကျပ်(၃၀၀၀၀)ကို မသန်စွမ်းသူများ နေအိမ်များသို့ လက်ဝယ်အရောက် ယမန်နေ့ ညနေပိုင်းက  ဆက်လက်ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါထောက်ပံ့ငွေများကို လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်ရန်ပုံငွေမှ မသန်စွမ်း သူများအား ကိုဗစ်-၁၉ ကာလအတွင်း စီးပွားရေးကုစားမှုအစီအစဉ်(CERP)အရ အာဟာရပြည့်ဝစွာ စားသောက်နိုင်ရေးအတွက် ထောက်ပံ့ ပေးအပ်ခြင်းဖြစ်ကြောင်းနှင့် မြောက်ဥက္ကလာပမြို့နယ်တွင် မသန်စွမ်းသူ (၃၄၅)ဦးရှိပြီး တစ်ဦးလျှင် ငွေကျပ် (၃၀၀၀၀)နှုန်း ဖြင့် ထောက်ပံ့ငွေကျပ် (၁၀၃၅၀၀၀၀) ကို ပေးအပ်ခဲ့ကြောင်း  သိရသည်။

မြမြဝင်း (ပြန်/ဆက်)