ဇလွန် စက်တင်ဘာ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ မဖြစ်ပေါ်စေရေးနှင့် ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများ ကို ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များ ပါဆယ်စနစ်ဖြင့်ရောင်းချခြင်း ရှိ/မရှိ၊ ကုန်မာဆိုင်များနှင့် စတိုးဆိုင်များ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းများနှင့် အညီ ရောင်းချခြင်း ရှိ/မရှိကို ပူးပေါင်းအဖွဲ့ဖြင့် ရှောင်တခင်စစ်ဆေးခြင်းကို ယနေ့နံနက် ၈ နာရီအချိန်ခန့်တွင် ဆောင်ရွက်ခဲ့သည်။
ထိုသို့လိုက်လံစစ်ဆေးရာတွင် မြို့နယ်အတွင်းရှိ စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များ၊ ကုန်မာဆိုင်များနှင့် စတိုးဆိုင်များအား ကိုဗစ်−၁၉ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးနှင့် လူစုလူဝေး မဖြစ်ပေါ်စေရေးအတွက် ဆိုင်ထိုင် ရောင်းချခြင် မပြုဘဲ ပါဆယ်စနစ်ဖြင့် ရောင်းချခြင်း ရှိ/မရှိ ၊ ဆိုင်ဝင်ပေါက်တွင် အတားအဆီးများ ထားရှိပြီး ဝယ်သူများ အား ပါဆယ်စနစ်ဖြင့် ရောင်းချပေးခြင်း ရှိ / မရှိ ၊ ရောင်းချရာတွင် နှာခေါင်းစည်းကို စနစ်တကျ တပ်ဆင်ရောင်းချခြင်းရှိ / မရှိ တို့ကိုပူးပေါင်းအဖွဲ့ဖြင့် ရှောင်တခင်စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဝေယံ (ဇလွန်)