မင်္ဂလာဒုံ စက်တင်ဘာ ၁၈
ရန်ကုန်တိုင်းဒေသကြီး ၊ မြောက်ပိုင်းခရိုင် ၊ မင်္ဂလာဒုံမြို့နယ်၌ ကိုဗစ်−၁၉ရောဂါ ကူးစက်ပျံ့နှံမှုမရှိစေရေးနှင့် ရောဂါကာကွယ် ထိန်းချုပ်နိုင်စေရေးအတွက် ရည်ရွယ်၍ ကိုဗစ်−၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများတွင် အသုံးပြုရန် Mask နှာခေါင်းစည်းများ ၊ လက်သန့်ဆေးရည် ၊ လက်အိတ် နှင့် ခေါင်းစွပ်များကို ရဲစုတောင်ရပ်ကွက် ၊ ရန်ကင်းလမ်းမှ မင်္ဂလာဒုံမြို့နယ် ကြက်ခြေနီတပ်ဖွဲ့သို့ ယမန်နေ့ မွန်းလွဲ ၃ နာရီက လာရောက်လှူဒါန်းကြောင်း သိရသည်။
ထိုသို့ လှူဒါန်းရာတွင် ရဲစုတောင်ရပ်ကွက် ၊ ရန်ကင်းလမ်း အလှူရှင် ဒေါ်စိုးစိုး မိသားစုမှ Mask နှာခေါင်းစည်း (၄၀၀)ခု ၊ လက်သန့်ဆေးရည် (၂) ဗူး ၊ လက်အိတ် (၁) ဗူး ၊ ခေါင်းစွပ် (၁၀၀) ခုတို့အား Community base Facility Quarantine Centre ၊ ပညာရေးစီမံခန့်ခွဲမှု သင်တန်းကျောင်း၌ စေတနာ့ဝန်ထမ်း တာဝန်ထမ်းဆောင်သည့် ကြက်ခြေနီတပ်ဖွဲ့ဝင်များအတွက် လှူဒါန်းခြင်းဖြစ်ကြောင်း ၊ ၎င်းပစ္စည်းများကို မင်္ဂလာဒုံမြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှူး ဦးအေးသွင်က လက်ခံရယူခဲ့ကြောင်း သိရသည်။
ဇင်ငြိမ်း(ပြန်/ဆက်)